My King 💞 {Part 5}

372 14 0
                                    

"ဆေးကကျန်သေးတယ် ဆက်သောက်ရအောင်"

"ရတယ် ကျနော့်ဘာသာသောက်မယ် ခဗျားကြီးသွားတော့"

"မရပါဘူး ကိုယ့်ရှေ့မှာပဲကုန်အောင်သောက်ပြ မဟုတ်ရင်တော့ ကိုယ်ကိုတိုင်တိုက်ရလိမ့်မယ်"

ခုနကလိုထပ်တိုက်မှာကြောက်လို့ တခါထဲ

‌အကုန်သောက်ချလိုက်တယ်

"ကဲ ကုန်ပြီ သွားပါတော့ဗျာ"

"အင်းပါ ကိုယ်သွားပြီနော် လိုအိပ်တာရှိရင်အစောင့်တွေကိုခေါ်ခိုင်းလိုက်ကြားလား"

"အင်း"

မင်းကြီးအခန်းထဲကထွက်လာတယ်

"အစောင့်တွေ သူဘယ်ကိုမှမသွားစေနဲ့
သေချာစောင့်ကြည့်ထား သူလိုတာရှိရင်လုပ်ပေးလိုက်ကြ ဂရုလဲစိုက် အနာတရမဖြစ်စေနဲ့"

"ဟုတ်"

အဲ့လိုမှာကြားပြီး ညီလာခံသွားတက်လေရဲ့

အစောင့်နှစ်ယောက်က.....

"ငါတို့မင်းကြီး ရူးသွားတာလား မင်းသမီးလာရင်တောင်အစောင့်ချမပေးတဲ့တို့ဘုရင်က ဒီကောင်လေးအတွက်ငါတို့ကိုမှာသွားတယ်"

"သူငယ်ချင်း ငါနားကြားမှားမိတာလားမသိ ဂရုစိုက်လို့လဲပြောသွားသလားလို့"

"မမှားဘူး ငါလဲကြားတယ် အသေအချာကိုကြားလိုက်တာ"

""ဘုရား .....ဘုရား""

အစောင့်တွေလန့်နေပြီလေ

တကယ်တော့ အတော်လန့်နေတာက သုတပါ

သူ့ကိုသူမယုံနိုင်သေးဘူးလေ အသားကိုစိတ်

ဆွဲကြည့်တယ်

"အ့ နာတယ်ဟ အိပ်မက်မဟုဘူးတဲ့လား"

ဘေးပတ်ဝန်းကျင်ကိုသေချာကြည့်တယ်

"ဇာတ်လမ်း‌ရိုက်နေတာပဲနေမှာပါ...
ဪ .......လိုတာရှိရင်လှမ်းခေါ်ဆိုပဲ"

အိပ်ယာမှာသေချာလေးထိုင်လိုက်တယ်

"အပြင်မှာ တစ်ယောက်ယောက်ရှိလား"

"ရှိ လာပါပြီ"

"အခုကဘာဇာတ်လမ်းရိုက်နေတာလဲဟင်"

My King 💞Unde poveștirile trăiesc. Descoperă acum