My King 💞 {part 13}

355 12 0
                                    

"ဦးရီးတော်နော် ဘာတွေလျှောက်တွေးနေတာလဲ ကျ‌နော့်မိဖုရားကို"

"အတွေးလွန်သွားလို့ပါ ......
တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

"အဲ့တာ အဲ့ကိစ္စကို ကူညီပေးအုံး"

"အဲ့တာကဒီလိုရှိတယ်လေ တူတော်ရဲ့ ..
သဘာဝကိုလွန်ဆန်လို့မရဘူးလေ..
သိတယ်မဟုတ်လား.."

"အဲ့ဒီတော့မရဘူးလို့ပြောချင်တာလား"

"သဘာဝလေ.....!"

"ဘာသဘာဝ ဦးရီးတော်အသက်ကဖြင့်
ကြီးနေပြီ အခုထိနုပျိုအောင်လုပ်ထားတာ
မသိဘူးများမှတ်နေလား သူ့တောင်ကျနော့်ဆီကို ရောက်အောင်လုပ်နိုင်ရင် ကိုယ်ဝန်ရှိလာအောင်လဲလုပ်ပေးနိုင်ရမှာပဲ"

"ဟ...!
ငါ့နှယ့်ဒီတူတော်နဲ့တော့ ခက်ပကောလား"

"မခက်ပါဘူးလွယ်လွယ်လေးပါ သိပါတယ်
သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်တဲ့
လုပ်ပါဗျာ ကူညီပ့အုံး"

"ဟ...!
ငါကသမား‌တော်မဟုတ်ဘူးလေ မှော်ဆရာလေ ..?"

"သိတယ်လေ...အာ့ကြောင့်ပဲလာပြောနေတာပေါ့"

"သူတို့ကိုယ်ဝန်ရှိတဲ့သဘောကိုလေ့လာမှရမှာလေ"

"လေ့လာပေါ့လို့"

"ကြာမှာလေကွာ...!"

"..! ဘယ်လောက်ထိကြာမှာ..?"

မင်းကြီးက စိုးရိမ်သွားတယ်

အရမ်းကြာမှာကိုသူစိုးရိမ်နေတာလေ

"ငါက ဉာဏ်ကောင်းတာမင်းသိပါတယ် ဟဲဟဲ"

"အဲ့ဒီတော့ ဘာဖြစ်လဲ ဆိုစမ်းပါအုံး"

"အလွန်ဆုံးကြာ တစ်နှစ်ပေါ့"

"အမြန်ဆုံးရအောင်လုပ်"

မင်းကြီးက စိတ်မရှည်တဲ့လေသံနဲ့ပြောလိုက်တယ်

"ဒါပေမဲ့ကွာ တူတော်ကလဲ မင်းသိပါတယ် ငါ့မှာအလုပ်တွေအများကြီး..."

"ခုဘာအလုပ်မှမရှိတာသိတယ်"

"ဟ...ရှင်းရှင်းပြောရရင်ကွာ
ဉာဏ်ကောင်းတယ် ငါပျင်းတယ်ကွာ"

"မပျင်းနဲ့ပေါ့"

"ပြောသလောက်မှမလွယ်တာ"

My King 💞Where stories live. Discover now