Part 38

7.7K 432 5
                                    

Unicode
(ဆု နယ်ပြန်ဖို့ဝယ်ခြမ်းနေတာရယ်၊ ဒီနေ့ပြန်ဖြစ်တာကြောင့် ရေးတာရက်ကြာသွားတာရှင်၊ အပ်လိုက်ပြီနော်)


"ဖေဖေ နေသာလား"

"ရတယ် မြေးလေးတို့ရော"

"ရှိတယ်ဖေဖေ သူ့ဒယ်ဒီနဲ့ ရေချိုးနေတာ ထားခဲ့တယ်"

"မင်းပါးပါးရှိတာပဲ လုပ်စရာရှိတာသွားလုပ်နော်"

"ရတယ် ဖေဖေ၊ ကျွန်တော်အပူချိန်တိုင်းပြီး ဆေးထိုးပေးရမလား ခဏစောင့်ကြည့်နေတာ"

ညွှန်း ဖေဖေနဲ့ပါးပါးအခန်းထဲကိုရောက်နေတာဖြစ်ပြီး ဖေဖေက နေမကောင်းဖြစ်ချင်နေတာကြောင့်လာကြည့်ပေးတာဖြစ်သည်။ မနက်လမ်းထလျှောက်တတ်တဲ့ ဖေဖေက ချွေးနဲ့အအေးပတ်သွားတာဖြစ်သည်။ ဖေဖေ့ကိုပါးပါးက ဘယ်လောက်ချစ်လဲ အခုမှ ညွှန်းမျက်မြင်ကိုယ်တွေ့ မြင်ဖူးတော့သည်။ နေမကောင်းချင်နေတဲ့ ဖေဖေ့အနားကမခွာပဲ ခြေထောက်လေးနှိပ်ပေးလိုက်၊ နဖူးလေးစမ်းလိုက်၊ ချွေးထွက်လား လည်ပင်လေးစမ်းလိုက်နဲ့ အလုပ်ရှုပ်နေသည်။ ဒီကြားထဲ နေမကောင်းချင်တဲ့ဖေဖေစားဖို့ဆိုပြီး မီးဖိုချောင်မဝင်တော့တဲ့ ပါးပါးက မီးဖိုချောင်ဝင်ပြီး ဖေဖေ့ဖို့ ကြက်သားဆန်ပြုတ် ပြုတ်သေးတာဖြစ်သည်။ အဆိုးဆုံးကတော့ ချွေးနဲ့အအေးပတ်ရုံလောက်လေးကို ပါးပါးမျက်နှာက ဇီးရွက်လောက်လေးပဲ ရှိတော့တာဖြစ်သည်။

"ဖိုးဖိုးကြီး နေကောင်းရား"
"ဖိုးဖိုး နေကောင်းတွားဘီရား"

"ဒီအသံလေးတွေကြားတာနဲ့ နေကောင်းသွားပါပြီဗျာ"

"ကောင်းတွားဘီဒဲ့ ဒယ်ဒီ"
"ပါးပါးချီတွားမယ်"

သားကြီးက ပါးပါးကိုမြင်တာနဲ့ ပါးပါးဆီသွားမယ်ဟုဆိုကာ သူ့အပေါ်က ဆင်းတော့သည်။ ဂုဏ်ရှိန် သားကြီးကိုအောက်ချပေးလိုက်ရ၏။ ပါးပါးက သူ့မြေးပြေးလာတာနဲ့ ချက်ချင်းကောက်ချီသည်။

"ဒယ်ဒီနဲ့ရေချိုးနေတာဆို"

"ဟုတ်ရယ် ရေချော့တေးရယ်"

မြေးအကြီးအတတ်လေးကို ပိုးသားမွှေးကြူလိုက်သည်။ သူ့ဖိုးဖိုးလက်ကိုသွားကိုင်သေးတာဖြစ်၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now