Part 24

8.5K 542 7
                                    

Unicode

ပိုးသား မြေးနှစ်ယောက်ကို နို့ဘူးတိုက်နေရသည်။ ထည်ဝါမှာ ပိုးသားကိုကြည့်ပြီး ကလေးမွေးထားသူက သမက်လား သူ့ရဲ့ပိုးသားလား မကွဲပြားတော့ပေ။ ပါးပါးရဲ့အာရုံထဲမှာ ဒီဖေဖေက လုံးဝမရှိတော့တာဖြစ်ပြီး တစ်ရက်တစ်ရက် မြေးနှစ်ယောက်နဲ့သူနဲ့လုံးလည်လိုက်နေ၏။

"ပါးပါး"

"သား ဘာလိုလို့လဲ"

"ပါးပါးတုန်းကရော မောင့်ကိုနို့မှုန့်တိုက်တာလား"

"ပါးပါးနို့ကမလောက်တော့ နို့မှုန့်ကူရတာပေါ့"

"ဟင် ပါးပါးက နို့ထွက်တယ်ပြောတာလား"

"အင်း"

"ထူးဆန်းလိုက်တာ ညွှန်းကျမထွက်ဘူး"

ညွှန်း ပါးပါးလက်ထဲက သားငယ်ကိုချီကာ နှုတ်ခမ်းလေးဆူပြီး သားငယ်ရဲ့ နှာခေါင်းထိပ်လေးကိုတို့လိုက်၏။ အဲ့ဒါကိုသားက လိုက်ဟပ်နေ၏။

"ဟာ အစားပုတ်လေး၊ အခုပဲ ဖိုးဖိုးလေးက နို့တိုက်ပေးထားတာမဟုတ်ဘူးလား"

ထည်ဝါရယ်ချင်နေတော့သည်။ ပါးပါးက သူ့သမက်ဆီက ဖိုးဖိုးလေးလို့ ထွက်လာတာနဲ့မော့ကြည့်မိတာဖြစ်ပြီး မျက်ခုံးလေးက စုကျုံ့သွားသည်။ ပါးပါးက မြေးဆိုတာကိုတော့လက်ခံပြီး ဖိုးဖိုးဖြစ်တာကို လက်မခံချင်နေတာ။ သမက်ဆိုတော့ ပြောရမှာလဲခက်နေတာကို ထည်ဝါသိ၏။

ဂျောက်!

"မောင် ပြီးပြီလား"

"အင်း"

ရေချိုးခန်းဝင်နေတဲ့မောင်။

"ပါးပါးဆီက သားကြီးကိုချီလိုက်အုန်း"

"မောင်မချီရဲဘူး ထွက်ကျသွားမှာဆိုးလို့"

"ဘယ်ကထွက်ကျမလဲ မကျဘူး ချီဖြင့်မချီကြည့်သေးပဲနဲ့ လာညွှန်းပြမယ်"

မောင်က သူခေါ်မှလာ၏။ မောင်က သားလေးတွေကိုအသည်းယားနေတာ။ သားနှစ်ယောက်က ပေါင်ပြည့်မွေးပေမယ့် မောင်နဲ့ယှဉ်ရင်တော့ သေးသေးလေးဖြစ်နေတာကို။

"ညွှန်း မောင်မချီရဲဘူး"

"မချီလို့မရဘူး၊ မချီရဲလို့ မချီဘူးဆိုရင် မောင်က သားတို့ကိုမချီတော့ဘူးလား"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now