Part 34

6.9K 403 6
                                    

Unicode

"ဒယ်ဒယ် ရေရေ"

ဂုဏ်ရှိန်မှာ သူ့ခြေသလုံးကနေဖက်တက်ကာ ရေရေတောင်းနေတဲ့သားငယ်ကို ချီကာ သူတို့သောက်နေကျ ရေဘူးလေးကို လက်ထဲထည့်ပေးရသည်။

"သားကြီး ရေသောက်အုန်းမလား"

"ရက်ချ် ဒယ်ဒယ်"

ဒီမနက်မှ ဖေဖေနဲ့ပါးပါးက မြိုင်ကိုသွားနေတာဖြစ်ပြီး ညွှန်းကလည်း သူတို့နှစ်က ကျောင်းသားတွေ့ဆုံပွဲကို ခဏသွားရတာကြောင့် သူပဲ သားနှစ်ယောက်ကိုထိန်းနေရတာဖြစ်သည်။ ဖွားဖွားနှစ်ယောက်ကလည်း ဖေဖေနဲ့ပါးပါးနဲ့ပါသွားတာဖြစ်ပြီး ဝါဝါက ညွှန်း လုပ်ပေးထားတဲ့အတိုင်း သားတို့စားဖို့ ချက်နေ၏။

"ဒယ်ဒယ် ချီ"

သားကြီးကပါ သူ့အပေါ်ကို ကုတ်ဖဲ့တက်လာတော့သည်။ သူ့ပေါင်တစ်ဖက်ဆီမှာ အခန့်သားထိုင်ကာ ရေသောက်လိုက် မုန့်စားလိုက်လုပ်နေ၏။

"ဒယ်ဒီ ဖုန်းခဏပြောလိုက်အုန်းမယ်နော်"

သားနှစ်ယောက်ကို အောက်ချခဲ့ကာ ဂုဏ်ရှိန် အလုပ်ကိစ္စဖုန်းဖြေလိုက်၏။ သေချာပြောပြီးမှ သားတို့ဆီကို ပြန်လာထိုင်လိုက်သည်။ သားနှစ်ယောက်က ငြိမ်နေကာ လှုပ်သံတောင်မကြားရပေ။ သားနှစ်ယောက်ဆီကို ပြန်ရောက်မှ ဂုဏ်ရှိန် ကိုယ့်နဖူးကိုယ်ရိုက်လိုက်ရတော့သည်။ သူ့ MacBook ကိုသားနှစ်ယောက်က လက်သေးသေးတွေနဲ့ လိုက်နှိပ်နေတာဖြစ်ကာ ပါးစပ်ကလည်း နှိပ်နှိပ်နဲ့ နှစ်ယောက်သားက ပြောနေသေးတာဖြစ်သည်။

"တိုတို နိတ် တွားဘီ တွားဘီ ဟစ်ဟစ်"

Keyboard ပေါ်ကိုလက်တစ်ဖက်ဆီက ထောက်ထားသေးတာဖြစ်ပြီး MacBook မှာ သူဖွင့်ထားတဲ့ ဖိုင်တွေက ဟိုပြေးဒီပြေး ပြေးနေတော့သည်။ ဒါကို ညီဖြစ်သူက အစ်ကိုကို နှိပ်ခိုင်းပြီး ဖိုင်တွေပြေးနေတာကို သားငယ်က သဘောကျနေတာ။

"ကဲ ဒယ်ဒီလာပြီ"

သားနှစ်ယောက်ရဲ့လှုပ်ရှားမှုတွေက ရုတ်တရက်ငြိမ်သွားကာ ဘာသံမှထွက်မလာတော့ပေ။ ဂုဏ်ရှိန် ဆိုဖာမှာ ဝင်ထိုင်ကာ သားနှစ်ယောက်ကိုချီပြီးပေါင်တစ်ဖက်ဆီမှာတင်လိုက်၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now