Part 32

6.8K 438 16
                                    

Unicode

ထည်ဝါ မနက်ရောက်တာနဲ့ မျက်လုံးမဖွင့်သေးပဲ ပါးပါးကိုဖက်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် ပါးပါးက ဘေးနားမှမရှိပေ။ မျက်လုံးမဖွင့်သေးပေမယ့် မျက်ခုံးတွေကျုံ့လိုက်သည်။ ပါးပါးက အစောကြီးအိပ်ရာထသွားပြန်ပြီလား။ ဒါပေမယ့် လက်ထဲမှာ မိနေတာက ပါးပါးလက်မောင်းလား။ ဒီလောက်သေးလား။

ဖတ်!

"ဟ!"

မျက်နှာပေါ်ဖတ်ကနဲ့ရောက်လာတာကြောင့်ထည်ဝါ မျက်လုံးဖွင့်ကြည့်လိုက်သည်။ အာမေဋိတ်သံလည်းထွက်သွား၏။ ကြည့်လိုက်မှ ပေါက်စနှစ်ကောင်။ ငုတ်တုတ်ထထိုင်နေပြီး သူ့ကိုကြည့်နေတာ။ သူကိုင်ထားတာကြည့်တော့ အကြီးကောင်ရဲ့ခြေသားလုံးလေးဖြစ်နေသည်။

"ပြော ဒီအဖိုးကိုရိုက်တာ ဘယ်သူလဲ"

"ဝါးဝူးဝါးဝူး"
"ခစ်ခစ် ဝူးဝါးဝူးဝါး"

"အံမယ် ငါမေးတာကိုမဖြေပဲ ရယ်နေတယ်ဟုတ်လား၊ ဒီအဖိုးနဲ့တွေ့ချင်ပြီထင်တယ်"

ထည်ဝါ မြေးနှစ်ယောက်ကိုဖက်ကာ ဗိုက်ကိုလိုက်ကိုက်လိုက်၏။

ဂျောက်!

"ဟင် နိုးနေပြီလား သားလေးတို့နိုးနေပြီလား"

"ဘူးဘူး ဝူးဝါးဝူးဝါး"
"ဝါးဝူးဝါးဝူး"

"သားတို့ကို ဖိုးဖိုးကြီးက လျှောက်စနေတာ ဟုတ်လား"

မြေးနှစ်ယောက် ဝူးဝါးဝူးဝါးနဲ့ သူ့ကိုလှည့်ပြီး စကားတွေပြောနေတာ။ အိပ်ရာနိုးတာကို မငိုပဲနဲ့ ကြည်ကြည်လင်လင်နိုးလာတာ။

"ပါးပါးတို့ မျက်နှာသစ်ကြမလား ဖေဖေ ထတော့၊ မြေးတို့ကို မျက်နှာသစ်ဖို့ ကူအုန်း"

ပြောနေတုန်းမှာ မြေးနှစ်ယောက်ဆီက အီးပေါက်သံကြားရတော့သည်။

"ပါးပါး ကိုယ့်ပါကိုယ်လုပ်ပေးတော့၊ မင်းမြေးတွေ အီးပါတော့မှာ ဖေဖေ မလုပ်ပေးတော့ဘူး"

"မရဘူးနော် ဖေဖေ ဒါကိုရှောင်ပြေးလို့မရဘူး၊ လုပ်ပေးရမယ်၊ ဒိုင်ပါနဲ့ကို နည်းနည်းဆေးပေးရုံပဲ"

ထည်ဝါ ပတ်ပြေးလို့မရတော့ပေ။ မနက် ၇ နာရီဖြစ်နေပြီ ဟိုဒယ်ဒီနဲ့ဖေဖေ ဆိုတဲ့ နှစ်ကောင်က သူ့သားနှစ်ကောင်ကို လာမခေါ်သေး။ ဘယ်ခေါ်နိုင်မလဲ။ သားတွေမရှိတဲ့ညက သူတို့အတွက် စပယ်ရှယ်ညပေါ့။ သူမသိရင်ခက်မယ်။ အခုတော့ ဒီမြေးနှစ်ယောက်ရဲ့ အလုပ်တွေက ဒီဖိုးဖိုးနှစ်ယောက် အပေါ်ပုံကျလာတော့သည်။ ဖိုးဖိုးလေးဆိုတာလည်း မြေးနှစ်ယောက်ကို ဘယ်အချိန်ထဲခေါ်သိပ်ချင်လဲ သူသာအသိ။ သားတို့ပြဿနာဖြစ်လည်းဖြစ်ရော မြေးတို့ကိုချက်ချင်းအခန်းထဲ ခေါ်သွင်းတာဖြစ်ပြီး နို့ဘူးတွေရော အားလုံးအခန်းထဲကို ယူချလာတော့တာဖြစ်သည်။ ညကလည်း ပေါက်စနှစ်ကောင်စီက ဟင့်ကနဲအသဲကြားတာနဲ့ ပါးပါးက ဆက်ကနဲနိုးတာဖြစ်ပြီး နှစ်ကောင်ဆိုတော့ သူပါ ပါးပါးနဲ့လိုက်ထပြီး လုပ်ပေးရတာ။ ရှူးရှူးနဲ့ ရှူးထတယ်ရတာလည်းအမော၊ နို့တိုက်ရတာလည်းအမော။ နို့သောက်လို့ဝရင် နှစ်ကောင်သားက လက်ပေါ်မှာပြန်အိပ်ပျော်သွားတာဖြစ်ပြီး အိပ်ရာထဲမှာ သေးပေါက်ချမှာဆိုးလို့ သေးတယ်ရသေးတာဖြစ်ကာ သူတို့ကအိပ်ပြီး ကိုယ့်မှာ ရှူးရှူးနဲ့ ရှူးတယ်ရသည်။ ကိုယ်တော်လေးတွေက ရှူးပေါက်တာတောင်အအိပ်မပျက်။ ဒိုင်ပါကို မနက်မှ ပါးပါးက ဝတ်ပေးထားပုံရ၏။ အိပ်ရေးမဝတာတော့ မဟုတ်ပေမယ့် အိပ်ရေးပျက်မယ့်ပျက် ကိုယ့်ပါးပါးလေးနဲ့ဘာညာဘာညာ အိပ်ရေးပျက်ရင် ဟုတ်သေး။ အခုတော့ ဒီမြေးနှစ်ကောင်ကို သူတို့ဒယ်ဒီနဲ့ဖေဖေအစား လိုက်လုပ်ပေးနေရတာဖြစ်သည်။

The Time Of Flower Is Blooming Because Of Maung [Complete]Wo Geschichten leben. Entdecke jetzt