Part 15

11.5K 609 15
                                    

Unicode


"ကိုကို သားတို့ကိုနှိုးလိုက်ရမလား ဟင်"

ထည်ဝါ သားပါးပါးကိုကြည့်ပြီး ရယ်လိုက်သည်။ မနက် ၁၀ နာရီထိုးတော့မယ် မနက်စာစားဖို့တောင် ဆင်းမလာတဲ့ သားတို့ကို သားပါးပါးက စိုးရိမ်နေတာ။ ဒါက ပုံမှန်မဟုတ်ဘူးဆိုတာကို သားပါးပါးက လုံးဝ မရိပ်မိ။ မနက်စာ စားတုန်းကလည်း သားတို့ဆင်းမလာသေးဘူးဆိုပြီး ပြောနေတာ။ အခုလည်း အခန်းထဲဝင်လာတာကို နောက်ကလိုက်လာပြီး မေးနေတာဖြစ်သည်။

"လာအုန်း ကိုကို့ဆီ"

ကိုကို့ဆီလာအုန်းဆိုလည်း လာပြီးသူ့ခါးကိုဖက်လိုက်သေးတာ။ ဒီပါးပါးရဲ့အမူအရာလေးတွေကို ချစ်လို့ ဘယ်လိုလုပ်ရပါ့မလဲ။ ဒီပါးပါးက သမက်ရနေတာကို သမက်နဲ့အပြိုင်နုနေတာဖြစ်ပြီး ဒီချစ်စရာအမူအရာလေးတွေက ဘယ်တော့များမှ ကုန်ဆုံးမှာလဲမသိပေ။

"သားတို့က အိမ်ထောင်သည်တွေလေ ကလေးသိတာပဲ"

"သိတယ်လေ ကိုကိုကလဲ"

ဒါကိုသူမသိပဲနေမလားလို့။

"ပြီးတော့ ညွှန်းလေးက မနေ့ကဘွဲ့ယူထားတာလေ"

"အင်းလေလို့"

"အဲ့ဒိတော့ သူတို့နှစ်ယောက်အတွက် နေ့ထူးနေ့မြတ်လေးကွာ၊ အဲ့တော့ သူတို့အတွက် ထူးခြားတဲ့ကိစ္စလည်း ရှိမှာပေါ့"

"ထူးခြားတဲ့ကိစ္စ၊ ဘွဲ့ယူတာနဲ့ပဲ ထူးခြားတဲ့ကိစ္စက ဖြစ်တာလား၊ အဲ့ဒါဘာလဲ ကိုကို"

သူ့ကိုဖက်ကာ သူ့ကိုမော့ကြည့်ပြီးမေးနေတာဖြစ်သည်။ ထည်ဝါ ဒီပါးပါးကို အသည်းသိပ်ယားနေတော့၏။

ပြွတ်!

"ကိုကိုကလည်း မေးနေတာကို မဖြေဘူး၊ လိုက်မနမ်းနဲ့"

"ဟောဗျာ မေးတာကိုဖြေတာက သပ်သပ်၊ နမ်းတာက သပ်သပ်လေ"

"ပြောလို့"

"ပါးပါး ကိုကိုနဲ့အတူနေပြီးညကဆို ပါးပါးဘယ်အချိန်မှ အိပ်ယာနိုးလဲ"

သူအဲ့တုန်းက ဘယ်အချိန်မှအိပ်ရာကနိုးတာလဲ ပိုးသားပြန်စဉ်းစားနေမိသည်။ သေချာမမှတ်မိပေမယ့် နေမြင့်မှနိုးတာမလား။ ဒါကို ဘာဖြစ်လို့ ကိုကိုကမေးရတာလဲ။၏

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now