Part 23

8.5K 536 4
                                    

Unicode
(ဆုက အခုရက်အတွင်းမှာ တစ်ပြိုင်ထဲ အပ်နိုင်မှာမဟုတ်ဘူးရှင့်၊ အလုပ်လဲ နည်းနည်းရှုပ်နေသလို မနက်ဖြန်လဲ passport သွားတန်းဆီရမှာဆိုတော့လေ၊ မနက်ဖြန်ကတော့ DUSK TILL DOWN ရှိမယ်နော်၊ ဒါလေးကတော့ မရှိသလောက်ပါပဲ)

"ညွှန်းလာ မောင်ပွေ့မယ်"

ဆေးရုံသွားတက်ဖို့အတွက် အိမ်ရှိလူကုန်ဆေးရုံကိုလိုက်ပို့ဖို့လုပ်နေတာဖြစ်ပြီး ပိုးသား လိုတာတွေ သေချာကြည့်ပေးရသည်။ မေမေနဲ့မာမီအပြင် ညွှန်းလေး မေမေကပါ မနက်ထဲကရောက်ကာ လိုအပ်မယ်ထင်တာတွေ အားလုံးပြင်ဆင်ပေးပြီး အခုကားပေါ်တင်နေပြီဖြစ်သည်။ မေမေတွေက ကားတစ်စီးနဲ့ကြိုထွက်တော့မှာဖြစ်ပြီး ကိုကိုနဲ့သူက တစ်စီးဖြစ်ကာ သားနဲ့ညွှန်းလေးက တစ်စီးဖြစ်သည်။ သားက ကလေးနှစ်ယောက်ထည့်ထားတဲ့ သားညွှန်းကို ပေါ့ပေါ့ချီနိုင်သည်။ ညွှန်းလေးက ခြေခုံလေးတွေယောင်နေပြီဖြစ်ကာ အထိုင်အထတောင် တော်တော်ခက်နေ၏။ သားကပဲ သားညွှန်းလေးကို အားလုံးလုပ်ပေးရတာဖြစ်သည်။ ပိုးသား ကားတံခါးကို အဆင်သင့်ဖွင့်ပေးရသည်။ သားညွှန်းကို သားက ပွေ့ပြီးကားပေါ်နေရာတကျတင်ကာ ခါးပတ်သေချာပတ်ပေး၏။ ပုံမှန်မဟုတ်တဲ့ အိမ်ထောင်ရေးမှာ ကလေးမွေးဖွားဖို့ ကံပါလာပြီး ကလေးက နှစ်ယောက်ဖြစ်တာကြောင့် သားညွှန်းလေးက ကိုယ်ဝန်စဆောင်ထဲက ပင်ပန်းနေတာ။ အဲ့ဒါကိုကျော်လွန်တော့လည်း ကလေးနှစ်ယောက်ရဲ့တောင့်တမှုကြောင့် အစားတွေကို အများကြီးစားပြီး ပူပြဲလန်နေတဲ့ ဗိုက်ကလေးကို မထားရတာကြောင့် သားညွှန်းရဲ့ပင်ပန်းမှုက တွေးကြည့်လို့မရပေ။

"ရပြီ သားတို့ရှေ့ကထွက် ဖေဖေတို့နောက်ကလိုက်ခဲ့မယ်"

"မောင် သားလေးနှစ်ယောက်အတွက် နာမည်ရေးထားတဲ့ ကဒ်လေးတွေရော ပါလား"

"ပါတယ် မောင်သေချာထည့်ခဲ့တယ်"

"အင်း"

သားလေးနှစ်ယောက်အတွက် ဗေဒင်တွေဘာတွေမမေးပဲ သူတို့မိသားစုတွေတိုင်ပင်ပြီး မှည့်ထားတဲ့ နာမည်ရှိသည်။ သားလေးနှစ်ယောက်ထွက်လာတာနဲ့ အကြီးလေးက ဘယ်သူ၊ အငယ်လေးက ဘယ်သူဆိုပြီး နာမည်က အဆင်သင့်ရှိပြီးသား။ ဆေးရုံရောက်တော့ ဓါတ်လှေကားနဲ့ သူတို့ယူထားတဲ့ အခန်းအလွှာကိုတက်ခဲ့လိုက်၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now