Part 17

9.8K 615 12
                                    

Unicode

"ဒေါက်တာညွှန်း လူနာစကြည့်လို့ရပါပြီ"

"ဟုတ်ကဲ့ ဆရာမ တစ်ယောက်ချင်းဆီ လွှတ်ပေးပါ"

ညွှန်း ဒီနေ့အထွေထွေဘက်မှာ ထိုင်ပေးတာဖြစ်ပြီး တစ်နေကုန်အားမှာမဟုတ်ပေ။ ရာသီဥတု အပြောင်းအလဲကြောင့် နေထိုင်မကောင်းပဲ ဖျားနာနေကြတာဖြစ်သည်။ ရာသီဉတုက အပူချိန်များပြီး အားလုံးကအပူအအေးမမျှပဲ လည်ချောင်းနာ၊ ချောင်းဆိုး၊ ချွေးထွက်လွန် ဖျား အဲ့လိုတွေဖြစ်နေ၏။ ကလေး၊ လူကြီး အရွယ်စုံမရွေးပေ။ နောက်ထပ်ဝင်လာတဲ့ လူနာကိုကြည့်လိုက်တော့ ကလေးလေးဖြစ်နေ၏။

"ယောက်ျားလေးလား မိန်းကလေးလား အစ်မ၊ အသက်ဘယ်လောက်ရှိပြီလဲ"

"မိန်းကလေးပါ ဆရာ၊ တစ်နှစ်ကျော်ပါပြီ"

"ဒါဆို စကားပြောပြီပေါ့၊ သမီးလေး ဆရာ့ကို သမီးလေးနာမည်ပြောပြပါအုန်း"

ကလေးက သူ့မေမေကိုမော့ကြည့်ပြီးမှ နာမည်ကိုပြောပြသည်။ ညွှန်းက ကလေးတွေဆိုသိပ်ချစ်တာ။ ဒီလိုကလေးပေါက်စလေးတွေဆိုရင် အသည်းယားလွန်းလို့ သူ့မှအူလိပ်နေတာဖြစ်သည်။ အခန်းထဲက ဆရာဝန်လေးက ကလေးပေါက်စကိုမြှူပြီး စကားပြောရင်းရယ်ရင်း ဆေးကုပေးနေတာဖြစ်ကာ အပြင်က ဆေးကုရန်တန်းဆီထိုင်စောင့်နေတဲ့ လူနာတွေလည်း ဆရာ့အသံနဲ့ကလေးအသံကြားကာ ပြုံးနေကြတာဖြစ်သည်။ 

ညွှန်းမှာ လူနာတွေအားလုံးကို ရေများများသောက်ဖို့ ချွေးအရမ်းထွက်ရင် ဓါတ်ဆားရေသောက်ဖို့ မှာရ၏။ Aircon ခန်းထဲက နေပူထဲထွက်ရင်ချက်ချင်းမထွက်ဖို့၊ ပြန်ဝင်ရင်လည်း ချက်ချင်းမဝင်ဖို့ အားလုံးကို သေချာမှာရသည်။

"ဒေါက်တာညွှန်း ဒီနေ့တော့ ပင်ပန်းသွားရပြီ"

ညနေ အိမ်ပြန်ချိန်မတိုင်မှီ သူနာပြုလေးက ပစ္စည်းတွေသိမ်းရင်း သူနဲ့စကားတွေလာပြောနေတာ ဖြစ်သည်။

"ပင်ပန်းတယ်လည်းဘယ်ဟုတ်မလဲ၊ ကိုယ်တတ်တဲ့ပညာလေးနဲ့ အားလုံးကိုဂရုစိုက်ပေးတာပေါ့၊ ရာသီဥတုက အတော်ဆိုးတယ်ဗျာ၊ ဆရာမလဲ ဂရုစိုက်ပါ"

"ဟုတ်ကဲ့"

"ကဲ အဲ့ဒါဆို ကျွန်တော်ပြန်ပြီ"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now