Part 33

7K 414 4
                                    

Unicode

"ဖေဖေနဲ့လမ်းလျှောက်မယ် မောင် သားငယ်ကိုလာတွဲပေးအုန်း"

ဂုဏ်ရှိန် ညွှန်း သားကြီးကိုလုပ်သလိုမျိုး သားငယ်ရှေ့မှာနေကာ သားငယ်လေးရဲ့လက်နှစ်ကိုကိုင်ကာ လမ်းလျှောက်ကျင့်ဖို့လုပ်လိုက်သည်။ သားနှစ်ယောက်က လက်နှစ်ဖက်ကိုကိုင်ထိန်းက သူတို့က နောက်ဆုတ်နောက်ဆုတ်နဲ့ လျှောက်ရပြီး သားတို့ကို လမ်းလျှောက်သင်ပေးရသည်။ ရှေ့အပေါ်သွားနှစ်ချောင်းပါ စပေါက်နေပြီဖြစ်တဲ့ သားတို့ကို ညွှန်းက ဖြည့်စွက်စာကို ပဲ၊ အသီးအနှံနဲ့ငါး၊ ဂျုံ စတာတွေကို အချိုးညီညီနေ့တိုင်း လုပ်ကျွေးသည်။ သားတို့အရပ်ရှည်ဖို့၊ သင်တင့်တဲ့အားဆေး အဖျားရောဂါ မဝင်ဖို့ ညွှန်းက သေချာဂရုစိုက်သည်။ ဖွားဖွားနှစ်ယောက်နဲ့ပါ အတူတူပြန်နေတာဆိုတော့ ပါးပါးလည်း နည်းနည်းသက်သာသွားသည်။ ညွှန်းသားတို့အတွက် ဖြည့်စွက်စာ လုပ်နေချိန်ဆိုရင် ပါးပါးနဲ့အတူတူ ဖွားဖွားနှစ်ယောက်က ထိန်းသည်။ သားတို့က ထွားတော့ ဖွားဖွားနှစ်ယောက်က ထိန်းပြီးလိုက်ဆွဲရတာနဲ့ မောနေတော့တာဖြစ်၏။

"ဖေဖေ့ သားလေးတွေက တော်လိုက်တာ၊ ဒယ်ဒီနဲ့ဖေဖေနဲ့အတူတူ လမ်းလျှောက်တတ်နေပြီနော်"

ညွှန်း သားတို့ကို ပြောလိုက်သည်။ သားတို့က ဝူးဝါးဝူးဝါးတင်မဟုတ်ပဲ တခြားအသံထွက်တွေပါ ပိကျိပိကျိနဲ့ထွက်ကာ စကားပြောနေပြီဖြစ်သည်။ တစ်နှစ်ကျော်ပြီဖြစ်တဲ့ သားနှစ်ယောက်က သင်လွယ်တတ်လွယ်လေးတွေဖြစ်သည်။

"၁၁ နာရီတောင်ထိုးပြီ၊ သားသားလေးတို့ မံမံစားကြမလား"

မံမံဆိုတာနဲ့ ထမင်းစားရတော့မယ်ကိုသိနေပြီဖြစ်ကာ သူ့ကိုနှစ်ယောက်က မျက်လုံးလေးဝိုင်ကာ နှုတ်ခမ်းလေးအဝိုင်းသားနဲ့ လှည့်ကြည့်ကြတော့သည်။

"အသည်းယားလိုက်တာ၊ မံမံစားရတော့မယ်ဆိုလို့ ပျော်သွားတာလား"

"မောင်ချီခဲ့မယ်"

"‌မောင် နှစ်ယောက်နိုင်တော့လို့လား၊ သူတို့က အငြိမ်နေတာမဟုတ်ဘူး"

"ဒီသားနှစ်ယောက်အပြင်၊ ဒီဖေဖေကိုပါ ချီနိုင်ပါတယ် ခင်မျာ"

The Time Of Flower Is Blooming Because Of Maung [Complete]Wo Geschichten leben. Entdecke jetzt