အပိုင်း (၈၉)

Start from the beginning
                                    

[ဝတ္ထုမူလဇာတ်ကြောင်းက အများကြီး ပြောင်းလဲသွားတာမို့ စီရီရာက ဟန်ဆောင်ထားတဲ့ မိန်းကလေးမှန်း လုခ် သိ မသိ ငါ မပြောနိုင်ပေ]

ဝတ္ထုထဲတွင်တော့ အစပိုင်းတွင် လိုင်လ်တစ်ယောက်ထဲကသာ စီရီရာက မိန်းကလေးမှန်း သတိထားမိခဲ့သည်။ စီရီရာဒဏ်ရာရပြီးနောက် သူမကို ပြုစုဖို့ ကြိုးစားသည့်အခါမှသာ လုခ်က သိခဲ့ခြင်းဖြစ်သည်။ စီရီရာက သူရဲကောင်းရွေးချယ်ပွဲတောင် မဝင်ရသေးတာဆိုတော့.. ဒီအခြေအနေက...

[ကြည့်ရတာ ဒီဇာတ်ကွက်က မဖြစ်တော့ဘူးလား? ဒါက အိမ်နီးချင်းတိုင်းပြည်ကဘုရင်မ လာပြီး နှောက်ယှက်မှ ဖြစ်လာတာဆိုတော့၊ ငါ့ကြောင့် လုခ်ရဲ့ ဇာတ်ကြောင်းက သွေဖယ်သွားမှာလား?]

မယ်ဒီရာက အသက်ရှင်လျက်ရှိနေတာမို့ လိုင်လ့်ဆီလာပြီး ချစ်ကြည်ရေးစကားဆိုမဲ့ အိမ်နီးချင်းတိုင်းပြည်က ဘုရင်မဆိုတာ ရှိလာမည်မဟုတ်ချေ။ ထို့ကြောင့်ပင် ဘုရင်မရဲ့ အနိုင်ကျင့်ခြင်းခံရတဲ့ စီရီရာဆိုတဲ့ ဇာတ်ကွက်လဲ မဖြစ်နိုင်တော့။ ခွေးရူးလို ဘုရင်မကို ကယ်ဖို့ ကြိုးစားရင်း သူမဒဏ်ရာရမည်ဆိုတာလဲ ဘယ်တော့မှ ဖြစ်မလာနိုင်ပေ။

ထိုအချိန်ခဏလေးတွင် မယ်ဒီရာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ စီရီရာဆီကနေ လိုင်လ်ကို သူမ ဆွဲယူမိသလို လုခ်ရဲ့လမ်းကြောင်းကိုလဲ ပိတ်ပင်ထားမိသည်ဟု ခံစားလိုက်ရသည်။

[မဟုတ်ဘူး၊ ငါ သူ့အစ်ကိုရဲ့ အသက်ကို ကယ်လိုက်တာပဲ! အချစ်ထက် သူ့အစ်ကို အသက်ရှင်နေတာက ပိုကောင်းတာပေါ့! သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက အရမ်းကောင်းတာ...]

မယ်ဒီရာက စီရီရာကို တောင်းပန်ရမည်ဆိုလျှင်တောင် လိုင်လ့်ကို သူမ လက်မလွှတ်ချင်တော့။ ဘယ်လိုပဲပြောပြော လိုင်လ်က ဧကရီ မယ်ဒီရာ့အပိုင်ပဲမလား? အခု သူမက ဧကရီဆိုတော့ လိုင်လ်က သူမအပိုင်ပဲပေါ့။

မယ်ဒီရာ လိုင်လ့်လက်ကို ဖွဖွဆုပ်ကိုင်ရင်း လုခ်ကို ကြည့်လိုက်သည်။

"မြို့စားဟက်စတီးရားအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ၊ ကိုယ့်နေရပ်မြို့ကို စွန့်ခွါပြီး ရွေးချယ်ပွဲအတွက် ပြင်ဆင်ရတာ မလွယ်ကူဘူး"

Your Majesty is annoying (Myanmar Translation)Where stories live. Discover now