"ဟုတ်" နဉ့်ကျီ ပြောလိုက်သည်။

နဉ့်ကျီနှင့်ကပ်လျက်လျှောက်ရင်း ဟော်ရှောင်းယွဲ့ ဘွင်းဘွင်းကြီး ပြောချလာသည် "ငါ လုကုကိုကြိုက်တယ် ၊ တကယ်လို့ ငါသာ နိုင်ငံခြားကို စာသင်ဖို့မသွားခဲ့ရင် သူ့ကိုအခုလက်ထပ်ထားတဲ့သူက ငါဖြစ်နေမှာ"

နဉ့်ကျီ ဟော်ရှောင်းယွဲ့တွင် အရင်နေ့များဆီက ကောင်မလေး၏အရိပ်အယောင်များကို ယခုအချိန်ထိ မြင်နေရ၏။ သူမ ရယ်ချင်သွားရသည် "ဒီကမ္ဘာကြီးမှာ 'တကယ်လို့'ဆိုတာ မရှိဘူး ၊ ဒါ့အပြင် လုကုက နင်ကိုမကြိုက်ဘူးလေ ၊ နင် နိုင်ငံခြားကို စာသင်သွားသွား မသွားသွား  သူ့ကိုလက်ထပ်ထားတဲ့သူက နင်ဖြစ်လာမှာမဟုတ်ဘူး"

"ငါက လုကုကို မူလတန်းကတည်းက သိခဲ့တာ" ဟော်ရှောင်းယွဲ့ မေးကိုမော့ချီလိုက်သည်မှာ သူမ၏ပုံစံဖြစ်ခဲ့သည့် ချမ်းသာသည့်မိန်းကလေးစတိုင်လ်နှင့် အလွန်ကိုတူလေသည် "မူလတန်း အလယ်တန်းကနေ အထက်တန်းထိ သူနဲ့အတန်းလည်း အမြဲတမ်းအတူတူဘဲ ၊ သူကြီးပြင်းလာတဲ့တစ်လျှောက်လုံး ငါက သူ့ဘေးမှာရှိခဲ့တာ" 

"သူ့ကို ဘယ်သူက အရင်စသိလဲဆိုတာ ပြိုင်ချင်တာလား?" နဉ့်ကျီ၏နှုတ်ခမ်းတို့ အထက်သို့ကော့ညွှတ်သွားတော့သည် "ငါက သူ့ကို မူကြိုကတည်းကသိတာ"

ဟော်ရှောင်းယွဲ့ သူမအား မယုံပေ "မဖြစ်နိုင်တာတွေ!"

"နင် ယုံဖို့လည်း မလိုပါဘူး" နဉ့်ကျီ တည်ငြိမ်စွာပင် ပြောလိုက်သည်။

ဟော်ရှာင်းယွဲ့ ချက်ကောင်းအား တိုက်ခိုက်လာသည် "နင်က လုကုအတွက် ရုပ်ဆိုးလွန်းတယ်"

နဉ့်ကျီ ဟောင်ရှောင်းယွဲ့အား ချစ်စရာကလေးမလေးနှယ် ခံစားခဲ့ရသော်ငြား ကြီးပြင်းလာသည့်အခါ သူမသည် ဘယ်လိုများ ဒီလိုချီးထုတ်ကြီး ဖြစ်လာရသည်တုန်း?

"လုကု ငါ့ကိုသဘောကျနေသရွေ့ ငါ့ရုပ်ရည်ဘယ်လိုနေနေ အရေးမကြီးဘူး" နဉ့်ကျီသည်လည်း အတော်တော့ အရေထူသူပင်။ ဟောင်ရှောင်းယွဲ့ဆီမှ စကားလေးအနည်းဖြင့် ပေါက်ကွဲလိမ့်မည်မဟုတ်။

ဟော်ရှောင်းယွဲ့ နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး နဉ့်ကျီမှာ အတော်စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားရသည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now