My King 💞 {part 32}

Start from the beginning
                                    

"အာ မယ်တော် မလွှတ်နက်လေ"

သုတကအထဲက ပြန်ပြောတယ်

ဆုနန်းက ပြန်ထွက်လာတယ်

မင်းကြီး သုတဆီသွားပြီး...

"ကိုယ်လာတော့ ဘာဖြစ်လို့လဲ...?"

"အာ မလာပါနက်ဆို"

"လာချင်လို့ပါ ကူညီပါရစေ"

"ဘာကူညီပါရစေလဲ ရဲစခန်းကရဲကျနေတာပဲ
ကူညီချင်နက်"

ဆုနန်းနဲ့ မယ်တော်က ပြုံးဖြီးနေတယ်..

မင်းကြီးက အတင်းဝင်သွားပြီး

အကျီလဲဖို့ချွတ်နေတဲ့သုတကို

အတင်းသွားဖက်လိုက်တယ်

"ကဲ အညိမ်နေ မနေရင်သိတယ်နော်"

"ဟွန့် "

သုတတစ်ယောက်ဘာမှပြန်မပြောပဲ

ငြိမ်နေလိုက်ရတယ် မင်းကြီးက သုတကို

သေချာလေးအဝတ်လဲပေးလိုက်တယ်

ပြီးတော့မင်းကြီးကထွက်လာတယ်

မယ်တော်ကြီးနဲ့ ဆုနန်းက သုတရဲ့

မင်္ဂလာဝတ်စုံဝတ်ထားတဲ့ပုံလေးကို

မျှော်လင့်နေတာပေါ့

ခနကြာတော့ သုတကရှေ့အစကိုတက်နင်းမိ

မှာစိုးလို့ မြှောက်ကိုင်ပြီး ထွက်လာခဲ့တယ်

အကုန်လုံးပါးစပ်အဟောင်းသားလေး

ဖြစ်သွားတယ် အနီရောင်ဝတ်ရုံလေးနဲ့

အသားဖြူဖြူ ခါးသေးသေးလေးက တကယ်

လိုက်ဖက်လွန်းနေတာကို လည်ပင်းပေါက်

ကျယ်ကျယ်လေးမို့ ညှပ်ရိုးလှလှလေးက

ပေါ်နေပြီး အကျီအရောင်ကြောင့်

လည်တိုင်ဖြူဖြူလေးကလဲ စွဲမက်သွားရ

လောက်အောင် လှရက်နေတယ်

"ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ကြည့်နေရတာလဲ"

"လှလိုက်တာမိဖုရားတယ် အပြစ်ပြောစရာမရှိအောင်ကိုလှတယ်"

ဆုနန်းကပြောလိုက်တယ်

"ကဲပါ မယ်တော်ရော မောင်ကြီးရော တော်ပြီ
တော်ရုံပဲကြည့်မနေတတ်တော့ဘူး"

My King 💞Where stories live. Discover now