"မောင်က ပါးပါးကို အရမ်းချစ်တာပဲလား"

"အင်း ပါးပါးကို အရမ်းချစ်တယ်၊ ဖေဖေ့ကိုလည်း ချစ်တယ်၊ ပါးပါးစိတ်ကောက်ရင် မောင်နဲ့ဖေဖေက အတူတူ ချော့ရတာလေ"

"ဟုတ်လား ပါးပါးက မောင့်ကိုပါ စိတ်ကောက်သေးတာလား"

"အင်း ပါးပါးက မောင်ငယ်ငယ်လေးထဲက သူမကြိုက်တာလုပ်ရင် မောင့်ကိုစိတ်ကောက်နေကျ၊ ဖေဖေကတော့ ပိုအကောက်ခံရတာပေါ့၊ အဲ့လိုအချိန်ဆိုရင် မောင်နဲ့ဖေဖေနဲ့က ပါးပါးစိတ်ကောက်ပြေအောင် ချော့ရတော့တာ"

"ချစ်စရာလေးနေမှာနော်"

"အဟွန်း မောင်က ပါးပါးကိုနမ်းလိုက်ရင် ပါးပါး စိတ်ကောက်ပြေသွားရော"

"မောင်က သားလေးဖြစ်နေတာကို"

"ဟုတ်တာပေါ့ အဲ့ဒါကြောင့် မောင့်ကိုဆို စိတ်ဆိုးလဲ ခဏလေးနဲ့ပြေတာ"

ညွှန်းမှာ မောင့်ကို ပါးပါးအကြောင်းမေးလို့မဆုံးပေ။

"မောင် ငယ်ငယ်တုန်းက ဗီဒီယိုမရှိဘူးလား"

"ခဏလေး မောင် ဖေဖေ့ဆီမှာ ဗီဒီယိုတွေ သွားတောင်းအုန်းမယ်"

ဂုဏ်ရှိန် ဖေဖေ့ကို ဖုန်းဆက်ပြီးပဲ ပြောလိုက်သည်။ တော်ကြာ ဖေဖေ့ဆီကိုသွားရင် ပါးပါးနဲ့တိုးပြီး ပါးပါးရှက်သွားမှာဆိုးလို့ဖြစ်သည်။ ဖေဖေပြောတဲ့နေရာမှာ သူ သွားရှာလိုက်၏။

"ဒီအထဲမှာ ညွှန်းကြည့်လိုက်"

မောင်ပေးလာတဲ့ stick ကိုညွှန်း ကွန်ပြူတာမှာထိုးလိုက်ပြီး ကြည့်ဖို့လုပ်လိုက်၏။

"အား မောင်က ဗိုက်ပူပူလေးနဲ့ ချစ်စရာလေး မောင့် ချစ်စရာလေး"

အိပ်ရာပေါ်ကညွှန်းက laptop ထဲက ဗီဒီယိုဖိုင်ထဲက သူ့ပုံကိုကြည့်ကာလက်ညှိုးထိုးပြီး သူ့ဘက်ကိုလှည့်ကြည့်ကာ အော်ပါတော့သည်။ ခြေထောက်တွေလဲ လှုပ်နေသေးတာဖြစ်၏။ ညွှန်းမှာ ဗီဒီယိုထဲက မောင်ကလေးလေးတုန်းက လှုပ်ရှားမှုတွေကိုကြည့်ကာ သွားမစေ့တော့ပေ။ မောင်က တကယ်ကို ဗိုက်ပူပူလေးနဲ့ ချစ်စရာလေးဖြစ်သည်။ ပါးပါး ပါးပါးနဲ့ ဖေဖေ ဖေဖေနဲ့ လက်ညှိုးလေး တထိုးထိုးနဲ့ ဖင်လေးကောက်ကောက် ကောက်ကောက်နဲ့ပြေးနေတဲ့ပုံတွေရော၊ သွားပေါက်လေးတွေနဲ့ တခစ်ခစ်ရယ်နေတဲ့ ပုံတွေရော။

The Time Of Flower Is Blooming Because Of Maung [Complete]Onde as histórias ganham vida. Descobre agora