အမေလင်သည် ယနေ့တွင် စိတ်အခြေအနေကောင်းမွန်နေကာ သူမ၏သမီးဖြစ်သူအား တစ်ချိန်လုံး ခေါင်းအစခြေအဆုံး ကြည့်နေမိ၏။ 

သူမ၏သမီး ပြန်လာသည့်အခေါက်တိုင်း ပို၍ပို၍လှလာသည်ကို သတိထားမိသည်။ သူမသည် ကျက်သရေရှိကာ အထက်တန်းကျလာသည်။ အလွန်ကိုလှလာခဲ့သောကြောင့် သာမညောင်ည အရောင်အဆင်းနှင့် ကြည့်ကောင်းရုံ ရုပ်ရည်သာရှိသည့် ပိန်ပိန်ကပ်ကပ် သူမ၏သမီးအား ခပ်ဝါးဝါးသာ မှတ်မိတော့သည်။ 

ချောမောကာထက်မြက်သည့် သခင်လေးလုဘေးနားတွင် ရပ်နေသည့် လင်ထန်းထန်းကို မြင်နေရခြင်းအား အမေလင်သည် ဂုဏ်ယူမဆုံးပါပင် "မွေးနေ့ပွဲက စဦးမှာမဟုတ်ဘူး ၊ ရှမ်းယွမ်နဲ့ ဟိုမှာ သွားထိုင်နေကြပါဦးလား ၊ ခုံပေါ်မှာ မင်းတို့အဖေလည်းရှိသားဘဲ" 

"မေမေ ဒီမှာ ရှန်းယွမ်ကပေးတဲ့ မွေးနေ့လက်ဆောင်" လင်ထန်းထန်းပြောရင်း လက်ဆောင်ကို အမေလင်ထံ ပေးသည်။ 

အမေလင်မှာ ပြုံးနေခြင်းအား မရပ်နိုင်တော့။ 

ဧည့်သည်များအားလုံးမှာ မနာလိုအားကျလျက်ရှိသည်။ လင်းမိသားစုမှာ အတိတ်ဘဝက မည်သည်များပြုခဲ့သောကြောင့် လုမိသားစုသို့ လက်ထပ်နိုင်ခဲ့သည်ကို သိချင်မိသည်။ 

"ငါ အရင်နှစ်တွေတုန်းက ထန်းထန်းကိုတွေ့တုန်းက သူ(မ) ဒီလိုဘဲ တော်တော်လှတာလားဆိုတာကို မမှတ်မိပါဘူးအေ ၊ အခု ဘယ်လိုများ တခြားလူတစ်ယောက်လို လုံးဝကြီး ပြောင်းလဲသွားရတာလဲ?"  

အလွန်ကိုတောက်ပနေသည့် လင်ထန်းထန်းမှာ သူမ၏ဆွေမျိုးများ သူမအားမှတ်မိကြပုံနှင့် အတော်ကိုခြားနားနေခဲ့သည်။ 

"ငါကြားတာတော့ သူ(မ)က အခုရုပ်ရှင်မင်းသမီးတဲ့ ၊ သရုပ်ဆောင်မင်းသမီးတွေအကုန်လုံး သူတို့ကိုယ်သူတို့ ဘယ်လိုလှအောင်လုပ်ရမလဲဆိုတာ သိကြတာဘဲလေ" 

"လုံးဝကိုအဓိပ္ပါယ်ရှိမနေဘူး ၊ လင်းတိုက်ဟိုင်(Lin Daihai)တို့ ဖန်ချင်းတို့လည်း ကြည့်မကောင်းကြပါဘူး။ လင်ထန်းထန်းက ရုတ်တရတ်ကြီး ဘယ်လိုလုပ် ထင်ပေါ်လာတာလဲ? လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ငါတို့ သူ(မ)ကိုတွေ့တုန်းကတောင် ကြည့်ကောင်းရုံသာသာဘဲကို" 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now