My King 💞{part 31}

Start from the beginning
                                    

"သိပါတယ် ဟီး
အာဘွား အာဘွား"

"အာဘွား အာဘွား အိပ်မယ်"

သုတနဲ့မင်းကြီး လဲအိပ်ယာဝင်ခဲ့တယ်

မနက်မိုးလင်းတော့ မင်းကြီးကအိပ်ဆောင်က

ထွက်လာတယ် တကိုယ်ရေသန့်ရှင်းပြီး

အိပ်ယာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ သုတ

ကို အနမ်းတပွင့်ပေးလိုက်တယ် ဆံပင်လေး

ကိုဖွဖွလေးသပ်ပေးပြီး ဆောင်ခြုံလိုက်တယ်

ပြီးတော့ အခန်းထဲကထွက်ပြီး

"ဆုနန်း  မိဖုရားကို အချိန်ကြည့်နှိုးလိုက်နော်
ခုတော့အိပ်ပါစေအုံး ဒီနေ့လုပ်စရာတွေအများကြီးရှိတယ် ညနေစောင်းမှပြန်လာမယ်လို့ ရေစောစောချိုးပေးထား ဟုတ်ပြီလား"

"ဟုတ်ကဲ့ မင်းကြီး စိတ်ချပါ
အခန်းရောပြင်ပေးထားရအုံးမလား..."

"မရွဲ့နဲ့ ငါကိုယ်တော်က မိဖုရားကျန်းမာရေးကိုစိတ်ပူလို့ပြောတာ မင်္ဂလာဦးညကနောက်ရက်မှ နောက်ရက်မှပြင် ကုန်းကုန်း သွားမယ်"

"ဟုတ်ကဲ့မင်းကြီး"

ကုန်းကုန်းက မင်းကြီးနောက်ကနေလိုက်သွား

တယ်  ဆုနန်းကတော့ အိပ်ဆောင်မှာကျန်ခဲ့

တယ် မင်းကြီးက ဦးရီးတော်ကိုကျေးဇူး

စကားဆိုဖို့ ဦးရီးတော်အဆောင်ကိုထွက်သွား

တယ်

"ဦးရီးတော် ဦးရီးတော်"

"ဟေ နေအုံးဟ လာပြီလာပြီ"

အိပ်ချင်မူးတူးနဲ့ အခန်းပြင်ထွက်လာတယ်

"ဪ တူတော်မင်းကြီးပါလား လာလာ
တူတော် ဘာကိစ္စလဲ ညလဲ နှောက်ယှက်
မနက်လဲ နှောက်ယှက်နဲ့ လွန်ဘူးလားနော်"

"ဪ ဦးရီးတော် လုပ်ပေးတာအဆင်ပြေတယ်လို့ လာပြောတာကို"

"ဪအေး အဆင်ပြေတယ်လား
ဘယ်လိုနေလဲ ငါလဲမစမ်းဘူးတော့မသိဘူး"

"အဆင်ပြေပါတယ် အိပ်မက်လိုလို
တကယ်လိုလိုနဲ့ ရောက်သွားတာ"

"ဟုတ်လား မိဖုရားရောအဆင်ပြေလား
အဲ့လိုသွားတာကသူ့အတွက်အားအတော်ယုတ်စေတယ် မိဖုရားကငိုနေလို့သာ ဦးရီးတော်က ဆေးထုတ်ပေးတာ မဟုရင်မထုတ်ပေးဘူး "

My King 💞Where stories live. Discover now