Characters Name🐍

4.6K 248 42
                                    

Uni


တစ်ယောက်ယောက်ရှိနေလား...! ပျင်းနေလို့ စကားပြောကြရအောင်...။ ဘာအကြောင်းပြောမလဲဆို Chaတွေရဲ့ နာမည်ပေးဖြစ်ပုံကိုပါ။

ကောင်းစဥ်ရှေးရှု

ကောင်းတဲ့လမ်းစဥ်ကိုရှေးရှုပြီး လူမျိုးစုတွေအတွက် တရားမျှတမှုနဲ့ ကြင်ကြင်နာနာ အုပ်ချုပ်မဲ့ အကြီးအကဲပါပေါ့...။ သူ့ဟာသူ မြွေငချွဲဖြစ်သွားတာတော့ ကိုယ်လည်းမတတ်နိုင်ပါဘူး။: 3

တစ်ခေတ်ဖျား

တော်တော်လေးကို ရိုးရှင်းတဲ့နာမည်ဆိုပေမဲ့ အများကြီးတွေးခဲ့ရတယ်။

ကိုယ့်ရဲ့ပထမဆုံး plotက ခုလိုမျိုးမဟုတ်ဘူး။ ကိုယ့်ဘာသာ Universeဖွဲ့ပြီး ခေတ်တစ်ခေတ်ကို တည်ထောင်ချင်ခဲ့တာ။ မတူညီတဲ့ကမ္ဘာက မတူညီတဲ့ခေတ်ကိုမှ အဲ့ခေတ်ရဲ့ဖြစ်တည်မှုအစကာလမှာ ဖြစ်လာခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးဖွဲ့ချင်ခဲ့တာ။

ဘယ်ထင်ပါ့မလဲ။ Fic နောက်ခံ BGကနေ တစ်ခေတ်ဖျားဆိုတဲ့နာမည်နဲ့ လူဖြစ်လာခဲ့လိမ့်မယ်လို့။ ဟမ်! ကိုယ့်အတွက် မြေးလေးတွေပါ မွေးပေးလိုက်သေးတယ်။ အရမ်းချစ်ရပါသောပဲ။

မေပျိုနန်း

နန်း ဆိုတာကလေ ကိုယ့်အတွက်တော့ အရမ်းကိုလှပသိမ်မွေ့တဲ့ အခေါ်အဝေါ်လေးတစ်ခုပဲ။ ကိုယ့်မျိုးရိုးနာမည်က နန်းဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်တယ်။ မေပျိုနန်းကို စိတ်သဘောထားကောင်းတဲ့ မိထွေးတစ်ယောက်အဖြစ်ရေးချင်ခဲ့တာ။ ဒါကြောင့် အစပိုင်းတွေမှာ သူက တအားသိမ်မွေ့တဲ့ပုံပေါက်သွားတာ။ နန်း ဆိုတာကလွဲလို့ အထွေအထူးမရှိပါဘူး။

ဟေသာရီ

မေရီ(Ry)ဆိုတဲ့ ကိုယ့်ငယ်နာမည်တစ်ခုနဲ့ ဆင်တူယူပြီး ဟေရီလို့ ပေးချင်ခဲ့တာ။ ဘိုဆန်သွားမှာစိုးပြီး ဟိုဟိုသည်သည် လျှောက်တွေးရင်းနဲ့ ကိုယ့်ဆံပင်ရှည်ကိုယ်ပြန်ကြည့်ပြီး ကိုယ်သဘောကျတဲ့ ဟေသာဆိုတာလေးနဲ့ အစားထိုးလိုက်တယ်။ 

ဒီမှာ ရှုပ်သွားလောက်တယ်နော်။ ဆံပင်ရှည်နဲ့ဟေသာနဲ့ ဘာဆိုင်သလဲဆိုတာ။ ကိုယ်က ဆံကေသာက ကေသာကို ဟေသာနဲ့အတူတူဆိုပြီး မှတ်ယူထားတာပါ။ ဟေရီရယ် ဟေသာရယ်ပေါင်းတော့ ဟေသာရီဖြစ်သွားခဲ့တာပဲ။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့حيث تعيش القصص. اكتشف الآن