သုံးလခန်ြ့ကာသော်...."ကလေးလေးတို့ရေ... ဦးရီးတော်လာပြီ"
ခြံဝန်းအနောက်ဘက်ရှိပန်းခြံအလယ်တွင် အနားယူနေကြစဉ် အနောက်ဘက်တွင်ထွက်လာသော အော်သံပြဲပြဲကြောင့် တစ်ခေတ်မျက်နှာမဲ့ပစ်လိုက်သည်။
လာရှုပ်ကြပြန်ပြီ။
ငါးလသားအရွယ်ကလေးတွေမှာ baby strollerထဲရှိနေကြပြီး သူတို့ဦးရီးတော်၏အသံကိုကြားသောအခါ မျက်တောင်ရှည်ကော့ကော့လေးများဝန်ရံထားသည့် မျက်လုံးဝိုင်းလေးများဖြင့် ဟိုဟိုဒီဒီလိုက်ရှာနေတော့သည်။
မဟာ...လက်ထဲရှိအထုပ်များကိုပစ်ချကာ ကလေးတွေရှေ့သွားထိုင်၍ ကလူနေလိုက်သည်။ သူ၏အနောက်တွင်တော့ ထည်ဝါကတကောက်ကောက်လိုက်ပာလာလျက်။
ယခင်လများကတည်းက ကျော်လွန်သွားခဲ့သည့်ညစာစားပွဲပြီးချိန်မှစ၍ မဟာက အဖြူရောင်မြွေအိမ်တော်သို့ ထည်ဝါအား ခေါ်လာခဲ့လိုက်သည်။ သားဖြစ်သူများဘက်တွင် ဟေသာရီတစ်ယောက်လုံးကာကွယ်ပေးထားသောအခါ မည်သူကမှ ဝင်မစွက်ဖက်ရဲကြတော့။
"ဘာတွေဝယ်လာကြတာလဲ"
"ဘာတွေထင်လို့လဲ" တစ်ခေတ်၏အမေးကို ထည်ဝါကမျက်စပင့်၍ ပြန်မေးသည်။ တစ်ခေတ်မျက်ဆံကို တစ်ပတ်လောက်လည်ပြ၍...
"ကလေးကစားစရာတွေ"
"အင်း ဝတ်စုံတွေလည်းပါတယ် မုန့်တွေရော"
"ဟိုးလ် cityကလား"
တံဆိပ်များကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်"
"ဝတ်စုံကဘာအတွက်လဲ"
"နောက်လဝက်ကြရင် မင်းတို့မင်ဂလာဆောင်နဲ့ဆက်ခံသူပွဲရှိတယ်မို့လား ဒါကြောင့် အပိုအနေနဲ့လိုရမယ်ရဝယ်လာတာ"
"နောက်ဆို ကစားစရာတွေဝယ်မလာခဲ့နဲ့တော့ အခန်းထဲမှာလည်းပြည့်နေပြီ ကလေးတွေလည်း အရမ်းကြီးဆော့တတ်သေးတာမဟုတ်ဘူး သိပ်လည်းဖြုန်းမနေကြနဲ့"
"မင်းယောက်ဖကိုပြော"
မဟာ့ကိုပြောရမယ်။ ဝေးသေးတယ်...။ ဝယ်လိုက်ရတဲ့အဝတ်အစား၊ဝယ်လိုက်ရတဲ့ကစားစရာ။ တူဖြစ်သူတွေ တီတီတာတာလုပ်လာတတ်ကတည်းက သူ့မှာ မျောက်သစ်ကိုင်းလွတ်သလို ချစ်ပြ ဖြစ်ပြနေသည်။
YOU ARE READING
သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့
Fantasy21.12.2021 21. 2 .2022 Photo Crd Part 38,Extra 4 ကမ္ဘာတစ်ဝန်းမှာ လူတွေရဲ့ဉာဏ်စဥ်နဲ့လိုက်မမီနိုင်တဲ့ အရာပေါင်းများစွာရှိနေသလို ထိုအရာတွေထဲက အဖြစ်အပျက်တစ်ခုဟာ သူနဲ့ တိုက်ရိုက် လာသက်ဆိုင်နေတယ်။ ဘယ်သူထင်ထားခဲ့မှာလဲ...ဒီပြဇာတ်မှာသူဝင်ကရလိမ့်မယ်လို့။သူက...