8.🐍

18.2K 1.9K 72
                                    

(Uni)

ကျောင်းမှာ နှစ်ယောက်သားရန်ဖြစ်ပြီးသည့်နေ့ကစပြီး တစ်ခေတ်က ရှေးရှုကို လုံးဝမလိုက်ခိုင်းတော့ဘဲ အိမ်မှာပဲနေစေသည်။ ရှေးရှုက သူ၏စကားကိုနာခံမှုရှိလှပုံမှာ အတန်းချိန်ပြီးလို့အပြင်ထွက်လာတိုင်း ကျောင်းဧည့်ဆောင်ခန်းမမှာ အမြဲတွေ့နေရသည်အထိ။

သူပြောလို့မရသည့်အဆုံး လွှတ်ထားပေးလိုက်ပြီး ကျောင်းစာကိုသာ အပြည့်အဝအာရုံစိုက်နေလိုက်သည်။ နီးကပ်လာသည့် ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် သူတို့တွေ၏အာရုံက ကျောင်းစာမှာပဲပြန်လည်နစ်မြှုပ်သွားပြီး ကျောင်းကပြဿနာကောင်များပင် ထိုဖိအားကြောင့် ပြဿနာမရှာအားကြတော့။ ထိုအရာကပဲ ရှေးရှုသူ့အား နေ့တိုင်းလာစောင့်ခြင်းကနေ အန္တရယ်ကင်းစေတာဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း စာမေးပွဲဖြေဆိုချိန်သို့ရောက်လာခဲ့ပြီး ကျောင်းသားတိုင်းနီးပါး ပင်ပန်းသွားကြတော့သည်။ တစ်ခေတ်တက်ရောက်လိုသည့်ကျောင်းက အမှတ်များစွာလိုသည့်အပြင် သီးသန့်ဝင်ခွင့်စာမေးပွဲပါ ထပ်ဖြေရဦးမှာမို့ နှစ်ဆပိုပင်ပန်း၏။

"ဟိုလေ..."

နောက်ဆုံးဘာသာရပ်ကို အောင်အောင်မြင်မြင်ဖြေဆိုပြီး၍ စိတ်လပ်ပေါ့ပါးစွာထွက်လာချိန် ကောင်မလေးတစ်ယောက်က အနောက်ကနေလှမ်းခေါ်လာသည်။ အသံကြောင့် တစ်ခေတ်လှည့်ကြည့်လိုက်တော့ တခြားအဆောင်ကကောင်မလေးတစ်ယောက်ဖြစ်နေ၏။

သူခြေလှမ်းရပ်လိုက်ပြီး ဘာလဲဟူသောသဘောဖြင့် မေးဆတ်ပြလိုက်ရာ ကောင်မလေးကမျက်လွှာချလာပြီး...

"ခက်... ခက်က ဒီက..." ကောင်မလေးက ပန်းရောင်သမ်းလာသော ပါးပြင်နှင့်အတူ မျက်နှာကိုဟိုလွှဲဒီလွှဲလုပ်ရင်းရှက်နေတာကြောင့် တစ်ခေတ်စိတ်မရှည်တော့။

"မြန်မြန်ပြော"

"ဟ ဟုတ်...ဟို...ခက်...ခက်ရဲ့မွေးနေ့ကို လာခဲ့ပါလားဟင်"

ကမ်းပေးလာတဲ့ဖိတ်စာကို ကြည့်ပြီး တစ်ခေတ်
ဘာမှမပြောမိ။

သူ၏မတုန်မလှုပ်အမူအရာကိုကြည့်ပြီး ကောင်မလေးက ပျာပျာသလြဲဖင့်...

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now