35.🐍

18.9K 1.7K 74
                                    

"မဟုတ်ဘူး"

သခင်မနန်းတုန်လှုပ်စွာဖြင့် ဝုန်းခနဲမတ်တပ်ရပ်၍ နောက်သို့ဆုတ်သွားသည်။

"နန်း... အေးအေးဆေးဆေး ပြောရအောင်"

"ရှင်ရူးနေပြီလား ကျွန်မကိုဒီကနေထွက်သွားခိုင်းမယ်"

"မေပျိုနန်း..."

ဦးဟန်မျိုးသာညီ အံကိုကြိတ်၍ ခပ်တင်းတင်းခေါ်သည်။ သို့သော်လည်း သခင်မနန်းမူကား သူ(မ)၏စိတ်လိုက်မာန်ပါရှိမှုကို ရပ်တန့်မည့်ဟန်မတူ။ဆက်ခံသူအာဏာလွှဲပြောင်းပြီးသည့် သုံးရက်မြောက်သောနေ့တွင် သူ(မ)ကိုခေါ်တွေ့ခဲ့တာ ဒီအကြောင်းကြောင့်တဲ့လား။

သူ(မ)က မြွေအိမ်တော်ကနေ ထွက်သွားရမယ်။
ဒါဆို ဆယ်စုနှစ်နှစ်ခုလောက်ကြာသည်အထိသည်းခံလာခဲ့တာ ဘာအဓိပ်ပါယ်ရှိတော့မှာလဲ။

"ရှင်စဉ်းစားပါဦး ကျွန်မ ရှင်နဲ့နေလာခဲ့တာအချိန်ခဏလေးမဟုတ်ဘူး အဲ့ကောင်မရဲ့ သွေးထိုးစကားကြောင့်နဲ့..."

"မေပျိုနန်း အပြောအဆိုကိုဆင်ခြင်စမ်း"

"မဆင်ခြင်နိုင်ဘူး ကျွန်မထွက်မသွားနိုင်ဘူး!!"

နူးညံ့သိမ်မွေ့ကာ စိတ်သဘောထားကောင်းသည်ဟူသော သူ(မ)၏ဂုဏ်သည်လည်း ယခုအချိန်တွင် လွင့်ပါးကုန်ပြီဖြစ်သည်။ ဦးဟန်မျိုးသာညီ တော်တော်စိတ်ကုန်သွားလေ၏။ ဒီတစ်ယောက်ရဲ့အမူအကျင့်အမှန်တွေအပေါ် သူဘယ်လောက်ထိတောင် အမြင်ဖုံးခဲ့ရတာလဲ။

"မင်းဘာတွေလုပ်ခဲ့လဲ မင်းသိလား"

သူ၏စကားအဆုံး သခင်မနန်း၏ကိုယ်မှာ ဆတ်ခနဲတုန်လှုပ်သွားပြီး မျက်ဝန်းများလည်း ပြူးကျယ်လာတော့သည်။

သူ ခေါင်းတခါခါလုပ်ရင်း ညည်းညူလိုက်မိသည်။

"မင်းရဲ့ပုံစံအမှန်ကိုမမြင်နိုင်တဲ့အထိ တော်တော်လေးကို မျက်ကန်းဖြစ်နေခဲ့မိတာပဲ"

"ရှင်အဲ့လိုမပြောနဲ့ ကျွန်မဆယ်စုနှစ် နှစ်ခုစာအထိ..."

"အနွံတာခံခဲ့တာတွေအတွက်တော့ စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ် နန်း... အဲ့လိုလုပ်ရခြင်း ရည်ရွယ်ချက်ကလည်း မင်းကိုယ်တိုင်ကအသိဆုံးပဲ ကိုယ်မြွေပွေးတစ်ကောင်ကို ဆက်ပြီး ခါးပိုက်,ပိုက်မထားနိုင်တော့ဘူး... မင်းနဲ့ကိုယ်ဘာလို့ယူဖြစ်ခဲ့ကြတယ် မင်းအပြစ်တွေမသိချင်ယောင်ဆောင်ပြီး ဘယ်လိုချေပေးခဲ့တယ်ဆိုတာ မင်းသိမှာပါ... မင်းပြောင်းလဲဖို့ကိုယ်မျှော်လင့်ခဲ့ပေမဲ့ ဒုံရင်းကဒုံရင်းပဲ"

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now