19.🐍

18.6K 1.6K 201
                                    

Uni

Ani-Huတိုင်းပြည်

စုဝေးပွဲခေါ်ဆိုမှုအပြီးတွင် သခင်မနန်း၏မျက်နှာသည် ထိန်းမရလောက်အောင် ပျက်ယွင်းနေခဲ့သည်။ ဤသတင်းသည် တခြားလူမျိုးစုတွေကြား အနှေးနှင့်အမြန်ပြန့်သွားမည်မှန်း သူ(မ)သိသည်။

ထိုအခါ သခင်ငယ်လေး၏ကြင်ယာတော်ဖြစ်လာဖို့ရန် စိတ်အားထက်သန်နေကြသောလူမျိုးစုများသည် ယခုကိစ္စအား ငြိမ်ခံနေလိမ့်မည်မဟုတ်။ကောင်းချီးခံAni-Huဆိုသည်မှာ ရှားပါးသည့်အပြင် ထိုသူအား အနာဂတ်ရဲ့ခေါင်းဆောင်တစ်ယောက်ဟူ၍လည်း မှတ်ယူထားနိုင်သည်။

သူ(မ)တို့နေထိုင်သည့်တိုင်းပြည်တွင် လရောင်နှင့်အတူမွေးဖွားလာသည့်Ani-Huမွာ ယခုလက်ရှိအနေဖြင့် နှစ်ယောက်သာရှိနေသေးသည်။ တစ်ယောက်သည် တိုင်းပြည်၏ခေါင်းဆောင်ဖြစ်သည့် Lionမျိုးနွယ်စုကအကြီးအကဲတစြီဖစ်ပြီး တစ်ယောက်မှာ မြွေအိမ်တော်မှအငယ်ဆုံးသခင်လေးဖြစ်၏။

လရောင်ပြာ၏ အလင်းရိပ်နှင့်မွေးဖွားလာသော Ani-Huများသည် ထူးကဲသည့်အခွင့်အရေးများ အလိုအလျောက်ရရှိနိုင်သည်။ ကောင်းချီးပေးခံရသည့် နံပါတ်တစ်ခေါင်းဆောင်လွန်သော် ထိုသူ၏မျိုးဆက်သည် ဆက်ခံသူဖြစ်လာနိုင်သော်လည်း ဒုတိယကောင်းချီးခံလူသားထပ်မံမွေးဖွားလာလျှင် ဒုတိယမျိုးဆက်က ထိုအခွင့်အရေးကို လက်လွတ်ခံရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် အကြီးအကဲနံပါတ်တစ်ဖြစ်သည့် Lionခေါင်းဆောင်သာဆက်ခံသူရာထူးမှအနားယူလေလျှင် သူ၏သားသမီးမ်ားအား ရာထူးကိုလက်ဆင့်ကမ်း၍ရတော့မည်မဟုတ်ဘဲ မြွေအိမ်တော်၏အငယ်ဆုံးသခင်လေးကသာလျှင် ဆက်ခံသူဖြစ်လာပေမည်။

ထို့ကြောင့် မြွေအိမ်တော်၏အငယ်ဆုံးသခင်လေးသည် အကြီးအကဲလောင်းလျာဖြစ်ကာ အဖြူရောင်အိမ်တော်ဟုခေါ်တွင်သည့် မြွေစံအိမ်သည်လည်း အနာဂတ်မျိုးနွယ်စုများ၏ နံပါတ်တစ်နေရာကိုရရှိလာမည်ဖြစ်သည်။ မျိုးနွယ်စုတိုင်းသည် ဤအရာအား နားလည်ထားပြီးဖြစ်ကာ မြွေအိမ်တော်နှင့် မျိုးရိုးပေါင်းစပ်နိုင်ရန် လိုလားကြသည်။

သခင်မနန်းအနေဖြင့်လည်း အနာဂတ်၏နံပါတ်တစ်သခင်မရာထူးကို လက်လွတ်ခံမည်မဟုတ်သလို မည်သူ့ကိုမျှလည်း မျှဝေနိုင်မည်မဟုတ်ချေ။ သူ(မ)သားသမီးတွေ အနာဂတ်မှာမျက်နှာမငယ်ရန်အတွက် ကောင်းစဉ်ရှေးရှုအား ငယ်စဉ်ခါမှစ၍ အနီးကပ်ပြုစုပြီး ကပ်ဖားရပ်ဖားလုပ်လာရသည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now