38.Final🐍

29.6K 1.8K 90
                                    

အဖြူရောင်မြွေအိမ်တော်၏ရှေ့တွင် Hyundai grand starex တစ်စီးရပ်နေကာ အေစခံမ်ားက ထိုအထဲသို့ အထုပ်အပိုးများထည့်နေသည်။

"ကလေးတွေကိုသေချာဂရုစိုက် ကြားလား"

"ဟုတ်ကဲ့"

ဟေသာရီမှာ သက်ပြင်းတစ်ချချဖြင့် လိုအပ်သမျှကို လိုက်ပြင်ဆင်ပေးနေလေသည်။ အဓိက သူ(မ)၏ အဖိုးတန်မြေးလေးများအတွက်ဖြစ်သည်။ သားအချစ်မြေးအနှစ်ဆိုသည့်အတိုင်း သူ့ခမျာ ဒီကလေးလေးများကိုသည်းသည်းလှုပ်။

အိမ်သခင်က ခေါင်းတခါခါဖြင့်...

"မင်းတို့နှယ် ကျောင်းပြန်တက်တာဆိုရင်လည်း ကြင်ယာတော်ပဲသွားရင်ရပြီလေ ကလေးနဲ့သခင်ငယ်လေးက ဘာသွားလုပ်မှာလဲ"

"ကလေးတွေက ရှင်ထိန်းလို့ရမှပြော"

ဟေသာရီ၏အဆိုကြောင့် ပါးစပ်ပိတ်သွားသည်က အိမ်သခင်။ ဒီကလေးသုံးယောက်သူတို့ဖခင်တွေအပေါ် ဘယ်လောက်ကပ်သလဲဆိုတာ အားလုံးကအသိ။ အဆိုးဆုံးကေတာ့ သူ့သားငယ်။ ကြင်ယာတော်လေးကို မျက်စိအောက်ကလုံးဝအပျောက်မခံဘဲ သွားလေရာတကောက်ကောက်လိုက်တတ်လွန်းသည်။

"ကျွန်တော်တို့ ကျောင်းပိတ်တာနဲ့ပြန်လာမှာပါ... ကြားထဲကပိတ်ရက်တွေမှာလည်း အလည်လာခဲ့မယ်"

သူတို့ဘာမှမတတ်နိုင် ။ ခေါင်းသာညိတ်လိုက်ရသည်။

အသက်ကြီးလာသည်နှင့်အလျောက် မိသားစုမြေးမြစ်များဖြင့် သိုက်သိုက်ဝန်းဝန်းနေချင်ကြမည်မှန်း တစ်ခေတ်နားလည်သောကြောင့် ထိုသို့ကတိပေးလိုက်ခြင်းဖြစ်ပေသည်။ ယခုတစ်ခေါက်တွင် စီးပွားရေးလုပ်စရာမလိုတော့သည်ကြောင့် အချိန်တွေပိုလာမှာမုချပင်။

ထိုစဉ် မဟာသည် သူ၏အိတ်ကလေးကိုလွယ်၍ အပြေးရောက်လာလေရာ အိမ်သခင်မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

"မင်းကရော ဘာလို့အိတ်နဲ့လဲ"

"ကျွန်တော်လည်းသွားမှာလေ"

"မင်း..."

သခင်မဟေသာရီက မပြောနဲ့တော့ဟူသည့်ပုံစံဖြင့် ယောကျာ်းဖြစ်သူအား ဟန့်လိုက်သည်။ ထည်ဝါက ခပ်ရေးရေးပြုံးလိုက်ကာ...

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now