25.🐍

17.7K 1.7K 156
                                    

ဖူးခက်ဝေတစ်ယောက် သောကတွေနှင့်ပြည့်နှက်နေသည့် တစ်ခေတ်ကိုကြည့်ပြီး သူ(မ)ဆီကိုပါ အပူတွေကူးလာလေသည်။တစ်ခေတ်၏မျက်နှာကိုကြည့်လိုက်သည်နှင့် စိတ်ဖိစီးမှုတွေနဲ့ပြည့်နှက်နေပြီး စိတ်ဆင်းရဲနေတာအသိအသာပင်။
ထို့ပြင် တစ်ခေတ်ဘက်က အကူအညီစတောင်းသည်မှာ ရှားပါးဖြစ်ရပ်ဖြစ်သည်။

သူတကယ်ကို လုံးဝကြီးအခက်တွေ့နေတာဖြစ်နိုင်သည်။
ဤမျှလောက် ဖရိုဖရဲနိုင်သောတစ်ခေတ်ကို ခက်တစ်ယောက်မမြင်ဖူးချေ။

"ခက် ဘယ်လိုကူညီပေးရမလဲ"

တစ်ခေတ်သည် အနေခက်သည့်ပုံစံဖြစ်နေပြီးမှ မျက်မှောင်ကိုကြုတ်လိုက်ပြီး...

"မင်း ကိုယ့်ကိုစစ်ဆေးပေး"

"ရှင်!"

"ဒီဘက်ကိုလာ"

ဖူးခက်ဝေ၏လက်ကိုဆွဲ၍ လူမမြင်ကွယ်ရာထောင့်နားသို့ခေါ်သွားလိုက်ကာ အင်းကျီလက်ရှည်ကိုဆွဲတင်ပြီး လက်ကိုထိုးပေးလိုက်သည်။ ဖူးခက်ဝေလည်း ယောင်နနဖြင့် ထိုလက်ကိုဆွဲကာ ဘာလုပ်လို့ဘာကိုင်ရမည်မှန်းမသိ။ တစ်ခေတ်က ဘာကိုစမ်းသပ်ခိုင်းနေသလဲဆိုတာ သူ(မ)မသိပေ။

"သွေးဖိအားလေး တစ်ချက်လောက်"

"အာ...ဟုတ်!"

တစ်ခေတ်၏လက်ကောက်ဝတ်ရှိသွေးကြောများကို စမ်းနေရငှ်းိ တစ်ခုခုမှားနေသလို သံသယများဝင်လာသည်။ တစ်ခေတ်မှာ ဖူးခက်ဝေ၏မျက်နှာကို မပြတ်အကဲခတ်နေရင်း ဇဝေဇဝါဖြစ်နေသည့်အမူအရာကို တွေ့လာရလေ မျက်နှာပျက်လာလေဖြစ်သည်။

"ဘယ်လိုနေလဲ တစ်ခုခုများ..."

"ခဏ"

သူ(မ)မျက်ခုံးများကိုတွန့်ချိုးလိုက်ရင်း အပြန်ပြန်အလှန်လှန် စစ်ကြည့်နေလိုက်သည်။

"ခက်...ခက်မသိဘူး"

"မင်းအားနာနေစရာမလိုဘူး မင်းရတဲ့အဖြေကိုသာပြော"

သူ(မ)ပြောရခက်နေ၏။ သွေးခုန်နှုန်းများမှာ ကိုယ်ဝန်ရှိနေသောလက္ခဏာသို့ အနီးစပ်ဆုံးပြနေသော်လည်း ထိုအရာက မိန်းကလေးကိုယ်ဝန်ဆောင်သည်များ ပြသည့်လက္ခဏာနှင့်မတူ၊ အနည်းငယ် ကွဲပြားနေ၏။ ယောကျာ်းလေးတစ်ယောက်ကို "ကိုယ်ဝန်"ရှိနေသည်ဟု ပြောလိုက်သင့်သလားဆိုတာ သူ(မ)မသိ။ ထို့ပြင် သူ(မ)မသေချာ။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Unde poveștirile trăiesc. Descoperă acum