22.🐍

17.5K 1.7K 134
                                    

မျှော်လင့်ချက်တွေနှင့်ပြောလာသော တစ်ခေတ်ကြိုကည့်ကာ ရှေးရှုငိုမဲ့မဲ့ဖြစ်သွားလေသည်။

"နွားနို့သောက်ချင်တယ်"

"တစ်ခုခုတော့ အရင်စားပါဦးလားဟင် ကိုကိုနွားနို့ချည်းသောက်နေတာ ဒီနေ့ထဲတင် နှစ်လီတာကျော်နေပြီ"

"နွားနို့ပဲသောက်ချင်တယ်"

တစ်ခေတ်ကလည်း ပေကပ်ကပ်။ လောလောလတ်လတ်တွင် နွားနို့သည်သာ မရှိမဖြစ်၊ နွားနို့သည်သာ သူ၏ဘဝဖြစ်နေသည်။

"ကိုကိုပဲအချိုမကြိုက်ဘူးဆို နို့ခဲတွေကို အလွန်အကျွံစားရင်မကောင်းဘူးဆို"

"ငါက နွားနို့သောက်မှာလေ နို့ခဲစားမှာမှမဟုတ်တာ"

အတင်းအကြပ်လိုဖြစ်နေသော တစ်ခေတ်ပုံစံကြောင့် ရှေးရှု ငိုသံပါကြီးဖြင့်ပြောလာတော့သည်။

"ကိုကိုအချိုမကြိုက်ဘူးဆို"

"အခုကြိုက်တယ်"

"နွားမကြီးတောင်ငိုတော့မယ်"

"ဟမ်!"

တစ်ခေတ် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ တီးတိုးရေရွတ်လာ၏။

"အဓိပ္ပါယ္မရှိလိုက္တာ"

"ဟုတ်ပါတယ်ဆို...ရှေးရှု မနက်ကနွားနို့သွားဝယ်တော့ နွားမကြီးမျက်စောင်းထိုးတာခံလိုက်ရတယ် ပြီးတော့ ရှေးရှုကိုလှမ်းကြည့်ပြီး အော်တောင်အော်လိုက်သေးတယ် ဝပ်ထရိန်းတဲ့"

ရှေးရှုကနွားလိုပင် အသံနေအထားဖြင့် အော်ပြလာသေးသည်။

"မင်းမေကြီးတော် ဘယ်နွားကအော်တတ်လို့လဲ... နွားတွန်တာ... ဘယ်နွားမ,မှလည်း ဝပ်ထရိန်းဆိုပြီးမတွန်ဘူး လိမ်ချင်ရင်လည်း တတ်မြောက်အောင်သင်ယူလိုက်ဦး"

"အာ...အလိမ်ပေါ်သွားပြီပေါ့နော် ဟီးးး"

ရှေးရှု ခေါင်းတစ်ချက်ကုတ်ရင်း ခပ်ဟဟရယ်လိုက်သည်။

"မင်းသက်သက် ငါ့ကိုဝယ်မတိုက်ချင်လို့"

"ကိုကို့ပိုက်ဆံနဲ့ပဲကို ရှေးရှုကဘာလို့ဝယ်မတိုက်ချင်ရမှာလဲ"

ဒါလည်း ဟုတ်သား။ သူ့အိမ်မှာရှိသမျှပိုက်ဆံက သူရှာထားတာတွေချည်း။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားချင်သောက်ချင်တာတောင် မစားရမသောက်ရဘဲ ဆရာလုပ်ခံနေရတာကတော့ စိတ်ကောင်းဝင်ပေးစရာကိစ်စမဟုတ်ဘူးမို့လား။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now