"ပါး"
စာကြည့်စားပွဲ၌ စာထိုင်လုပ်နေသည့်တစ်ခေတ်အနားသို့ ရောက်လာသောသူက သဝဏ်လေး။
အဝါရောင်စွပ်ကျယ်ပိစိလေးနှင့် ဒိုက်ဘာတစ်ထည်သာဝတ်ထားသော သဝဏ်က ခြေဖျားလေးထောက်ကာ မမီမကမ်းနှင့် ဖအေမျက်နှာအား မော့ကြည့်နေလေသည်။ လက်သေးသေးလေးသည်လည်း မီရာလှမ်းဆွဲနေသည်မို့ ခုံပေါ်ရှိစာရွက်များမှာ ရှုပ်ပွကုန်တော့သည်။
"ပါးပါးစာကြည့်နေတယ်ကလေး အပြင်ထွက်ကစားနေ"
သို့သော် သူ၏စကားက သဝဏ့်နားထဲမရောက်သည့်ဟန်။
"ပါး မန်မန်"
"ခုနကပဲ မန်မန်စားထားတယ်လေ"
"မန်မန်! မန်မန်!"
စားပွဲကိုမှီ၍ ခြေဖျားထောက်ထားရာကနေ သူ့ခြေထောက်နားသို့ရောက်လာပြီး ပွတ်သီးပွတ်သပ်လုပ်ကာ ပူဆာနေပြန်သည်။ ထမင်းကျွေးထားသည်မှာ နာရီဝက်ပင် မရှိချေသေးတာမို့ တစ်ခေတ်ထပ်ကျွေးဖို့ အစီအစဉ်မရှိသေး။ ဒီတစ်ယောက်ရဲ့ဗိုက်က တစ်ချိန်လုံးဆာနိုင်လွန်းသည်။
သဝဏ်လေးမှာ သူ၏ဘောင်းဘီအနားစကိုဆွဲကာ ပေါင်ပေါ်မေးတင်လိုက်၊ ထို့နောက် လူးကာလှိမ့်လိုက်ဖြင့် မရပ်မနား ပူဆာနေတော့သည်။
"ဝဏ်ရာ မန်မန်စားချင်တယ်"
အဆုံးမှာတော့ တစ်ခေတ် ဘောပင်ကိုပြီး ကောက်ချီလိုက်သည်။
"ခုနကပဲ မန်မန်စားထားတာမဟုတ်လား"
သဝဏ်လေးက ချက်ချင်းခေါင်းခါပြပြီး လက်သီးကိုဆုပ်လိုက် ဖြန့်လိုက်လုပ်ပြကာ ထပ်ပြောလာသည်။
"မန်မန်"
"သြော် ဒီမန်မန်လား"
လက်စသတ်တော့ ဒီကလေးပြောနေတာ မံထိုပေါက်စီကိုး။ သဝဏ်က ခေါင်းညိတ်ပြပြီးသည်နှင့် နှစ်ယောက်သား အပြင်သို့ထွက်လာခဲ့လိုက်ကြသည်။
အခန်းပြင်ရောက်သော် တစ်ခေတ် သက်ပြင်းချမိတော့သည်။ဧည့်ခန်းတစ်ခုလုံး ခြေချစရာနေရာမရှိ။ ပေါင်ဒါမှုန့်များပြန့်ကျဲလျက် ကလေးကစားစရာများလည်း ဟိုမှသည်မှ။ ကျန်သည့်နှစ်ကောင်ကမူ ပျောက်ချက်သား ကောင်းနေလေသည်။
YOU ARE READING
သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့
Fantasy21.12.2021 21. 2 .2022 Photo Crd Part 38,Extra 4 ကမ္ဘာတစ်ဝန်းမှာ လူတွေရဲ့ဉာဏ်စဥ်နဲ့လိုက်မမီနိုင်တဲ့ အရာပေါင်းများစွာရှိနေသလို ထိုအရာတွေထဲက အဖြစ်အပျက်တစ်ခုဟာ သူနဲ့ တိုက်ရိုက် လာသက်ဆိုင်နေတယ်။ ဘယ်သူထင်ထားခဲ့မှာလဲ...ဒီပြဇာတ်မှာသူဝင်ကရလိမ့်မယ်လို့။သူက...