အပိုင်း (၈၀)

Start from the beginning
                                    

အခုတော့ ဧကရီဘုရင်မက အသက်ရှိနေဆဲဖြစ်ကာ တိတ်တဆိတ်သာ နေလိုပြီး ဧကရာဇ်ရဲ့ ချစ်မြတ်နိုးမှုကိုလဲ ခံထားရသည်။ နယ်စားမင်း သမီးရဲ့ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို လိုင်လ့်ကို နိုင်ငံရေးချစ်ကြည်မှုအရ လက်ထပ်ပွဲအဆိုပြုရင်း တဖက်မှာလဲ အမြှောင်လင် ထားတဲ့ တခြားတိုင်းပြည်က မင်းသမီးလဲ မရှိချေ။

ဝတ္ထုထဲတွင် လိုင်လ့်စိတ်ကြိုက်ဖြစ်အောင် ကျွေးမွေးထားတဲ့ မိန်းကလေးမွေးထားတဲ့ တော်ဝင်မျိုးနွယ် တစ်ဦးရှိပေမဲ့ ထိုအစား လိုင်လ့်ရဲ့ ရွံရှာ စက်ဆုပ်မှုကိုသာ ခံခဲ့ရသည်။

[ဒီလောက်အများကြီး ပြောင်းသွားပြီဆိုတော့ အဆင်ပြေလောက်မှာပါ... ဟုတ်တယ်မလား?]

နွေဦးအလယ်ကနေ နွေရာသီအတောတွင်း ဝတ္ထုဇာတ်ကြောင်း အရှိန်မြင့်ခဲ့ကာ ဆောင်းဦးနှောင်းပိုင်း ဧကရာဇ်နဲ့ စီရီရာ လက်ဆက်ပြီး ဟန်းနီးမွန်းခရီးထွက်ချိန်တွင်တော့ ဝတ္ထုက တော်ဝင်မျိုးနွယ် ကိုယ်ဝန်အကြောင်း ကြေငြာချက်နဲ့ အဆုံးသတ်သည်။

[တကယ်လို့ ကျွန်မ သားလေးမွေးလာရင် သူ့ကို အိုင်ယန်လို့ ခေါ်ချင်တယ်]

ထိုစကားက စီရီရာ့ပြောစကားပင်။

"အရှင်မ၊ အချိုပွဲ ဆက်သရတော့မလား?"

"အိုး.. ကောင်းပြီ"

သတိဝင်လာတဲ့ မယ်ဒီရာက သူမခေါင်းကို မော့လိုက်သည်။

နေ့ရောညပါ အဖက်ခံရပြီးတဲ့နောက် သူမ ကိုယ်ဝန်ရှိနေတာ မဖြစ်နိုင်ဘူးလား? ထိုအတွေးနဲ့ပင် သူမမှာ ကိုယ်ဝန်ရှိနေပြီးဖြစ်မှန်း မယ်ဒီရာ တွေးလိုက်သည်။

မယ်ဒီရာ အစေခံကို ကြည့်လိုက်သည်။

"နန်းတွင်းထဲ ဆေးခန်းရှိတယ်မလား? ဆေးခန်းမှာ အမျိုးသမီးသမားတော်ရှိရင် အခေါ်လွှတ်ပေးမလား?"

****

အမျိုးသမီးသမားတော်ကို အခေါ်လွှတ်ပြီးတဲ့နောက်မှ အမျိုးသမီးဆရာဝန်မရှိမှန်း မယ်ဒီရာ သိလိုက်ရသည်။ နန်းတွင်းဆေးခန်းက နူးညံ့ပြီး မိန်းကလေးဆန်တဲ့ မျက်နှာထားရှိတဲ့ သမားတော်တစ်ယောက် အစားလွှတ်လိုက်သည်။ သမားတော်က မယ်ဒီရာ့နား ရှက်ရွံ့စွာ တိုးကပ်လာသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now