Final

659 21 8
                                    

// Unicode //

"ဘယ်စာအုပ်ကို အရင်ဖတ်ပြတာ နားထောင်ချင်လဲ ရောင်ခြည်...မောင် မနေ့က သုံးအုပ်တောင် ဝယ်ခဲ့တာ"

အပြင်ထွက်ရင်း ဝယ်လာတဲ့ စာအုပ်သုံးအုပ်ကို ကိုင်ရင်း ခုချိန်ထိ နိုးထမလာသေးသူကို ကြည့်ကာ ကြယ်စင်မောင် ခပ်တိုးတိုးမေးနေသည်။

ရောင်ခြည်သစ် ကိုမာဝင်သွားတဲ့အချိန်ကစလို့ တော်ရုံကိစ္စဆိုရင် တခြားသူနဲ့ပဲ လွှဲကာ သူကတော့ ရောင်ခြည်သစ်ဘေးနားမှာ အချိန်ပြည့်နီးပါ ရှိနေပေးခဲ့သည်။ အတူရှိနေတဲ့ အချိန်တိုင်းလည်း ရောင်ခြည်တစ်ယောက် သူ့ဆီကို မြန်မြန်ပြန်လာဖို့ စကားတွေပြောရင်း စာအုပ်တွေဖတ်ပြရင်း အချိန်ကုန်ဆုံး စေခဲ့တာပဲ ဖြစ်သည်။

အခုလည်း ဝယ်လာတဲ့ စာအုပ်ကို ဖတ်ပြဖို့ ပြင်ဆင်နေတုန်း တံခါးခေါက်သံကြားရသည်။ ဖွင့်ပေးလိုက်တော့ မမျှော်လင်ထားတဲ့ ငယ်လေးဖြစ်နေပြီး နေကုဋေပါ အတူပါလာသည်။ ငယ်လေးက ဆိုဖာမှာ ဝင်ထိုင်လိုက်သော်လည်း နေကုဋေကတော့ ရောင်ခြည်သစ် လဲလျောင်းနေတဲ့ ကုတင်ဆီသာ အရင်သွားကြည့်သည်။ ခဏအကြာမှ ငယ်လေးဘေးမှာ ဝင်ထိုင်လိုက်ပြီး

"ကိုသစ် အခြေအနေ ဘယ်လိုနေလဲ ကြယ်စင်မောင်"

"ပြောရခက်တယ် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက ပုံမှန်အတိုင်း အလုပ်လုပ်နေပေမဲ့ ခုထိ သတိမရသေးဘူး နောက်တစ်ပတ်နေလို့မှ မထူးခြားရင် ဘန်ကောက်ကိုပဲ ခေါ်သွားတော့မလို့"

သူ့အပြောကြောင့် ငယ်လေးက

"ဆုံးဖြတ်ပြီးပြီလား ကိုကြီး...ပြန်နိုးလာတဲ့ အချိန်မှာ သူ့သဘောထားက ဘယ်လိုပဲဖြစ်နေနေ လက်ခံနိုင်တာ သေချာပြီလား"

"အင်း...မနိုးလာတော့တာပဲ ဖြစ်ဖြစ် နိုးလာပြီးတော့ ခန့်မှန်းမထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတာပဲ ဖြစ်ဖြစ် သူ့ကို ကိုကြီးဘေးမှာပဲ ခေါ်ထားတော့မှာ...ဘယ်ကိုမှ သွားခွင့်မပြုတော့ဘူး...ငယ်လေးက ကိုကြီးကို နားလည်ပေးပါ"

သူ့စကားဆုံးသည်အထိ လွမ်းက ဘာမှပြန်မပြောဘဲ ကြယ်စင်မောင့်ကိုပဲ ကြည့်နေတာကြောင့် ဘေးမှာ ထိုင်နေတဲ့ နေက လွမ်းရဲ့ပုခုံးကို ခပ်ဖွဖွ ဖက်လိုက်ပြီး

Passionate LOVE (Complete)Where stories live. Discover now