Part ( 25 )

216 12 3
                                    

// Unicode //

လေဆိပ်ထဲတွင် လွမ်းတစ်ယောက် Luggage တစ်လုံးနဲ့ ထိုင်နေရင်း သူ ဘာကိစ္စ မြန်မာနိုင်ငံကို ပြန်ရသလဲဆိုတဲ့ မေးခွန်းကိုပဲ ထပ်တလဲလဲ စဉ်းစားနေမိသည်။ လွန်ခဲ့တဲ့ နှစ်ရက်က ကိုကြီးဆီက ဝင်လာတဲ့ Message အပြင် ဖုန်းထဲမှာ ပြောလာတဲ့ ရောင်ခြည်သစ်ရဲ့ စကားသံတွေ။

လွန်ခဲ့သော နှစ်ရက်က...

ကိုကြီးဆီက ဝင်လာတဲ့ Message ကို ဖတ်နေတုန်းမှာပဲ မသိတဲ့ နံပါတ်တစ်ခုက မြန်မာနိုင်ငံမှ ဆက်လာသည်။ မြန်မာနိုင်ငံကနေ သူ့ကို ဆက်သွယ်နိုင်တဲ့သူ ဘယ်နှစ်ယောက်မှ မရှိတာကိုသိနေတဲ့ လွမ်းအဖို့ ဝင်လာတဲ့ ဖုန်းကောလ် တစ်ခုက စိတ်ကို စနိုးစနောင့် ဖြစ်စေသည်။ ဇဝေဇဝါအ‌တွေးနဲ့ ဖုန်းဖြေလိုက်တော့...

"ဟယ်လို...လွမ်းတာရာပါ"

"ငါတို့ သေချာစကားပြောဖို့ လိုပြီ လွမ်းတာရာ"

အသံကြားမှ ခေါ်နေတဲ့သူက ရောင်ခြည်သစ်မှန်း သိလိုက်ရပြီး ဘာကြောင့်မှန်းမသိ စိတ်ရှုပ်သွားရသည်။ တကယ်ဆို လွမ်းနဲ့ ရောင်ခြည်သစ်ကြား ဘာများ ပြောစရာရှိမှာမလို့လဲ။

"ဪ.. ကိုသစ် ပြော"

"နေ နဲ့ပက်သက်ပြီး ဘာဖြစ်လို့ အဲ့လောက် အငြိုးတကြီး တိုက်ခိုက်နေရတာလဲ လွမ်းတာရာ သူပိုင်ခဲ့တဲ့ ကုမ္မဏီကို ဆုံးရှုံးခံရတာနဲ့တင် မကျေနပ်ဘဲ ဘာဖြစ်လို့ ရှေ့ဆက်လို့ မရအောင် လုပ်နေရတာလဲ"

"ကျွန်တော် SUN Group ကို လုပ်ခဲ့တာက ကိုသစ်နဲ့ ဘာဆိုင်လို့ ဝင်ပြောနေရတာလဲ... ကုမ္မဏီက ပိုင်ရှင်ပြောင်းသွားပေမဲ့ ကိုသစ်ကို အလုပ်ဆက်လုပ်ခွင့် ပေးခဲ့တာပဲလေ... နေကုဋေ့ ဒုက္ခက နေကုဋေနဲ့ပဲ ဆိုင်ပြီး ကိုသစ်နဲ့ အနေသာကြီး ထင်တယ်နော်"

"ငါ တောင်းပန်ပါတယ် လွမ်းတာရာ ကျေးဇူးပြုပြီး နေ့ကို ဒီလောက်နဲ့ လွှတ်ပေးပါ သူ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ငါတကယ်မကြည့်ရက်တော့လို့...သူ့မှာ ကြိုးစားစရာ အခွင့်အရေးတောင် မရှိတော့လို့ အခု သူ...မချစ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ် တကယ်ဆို မင်းလည်း နေ့ ကို ချစ်ခဲ့တာပဲမလား... မင်းတို့ ဆက်ဆံရေးကို ထောက်ထားပြီး သူ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ကြိုးစားခွင့် ပေးလို့မရဘူးလား"

Passionate LOVE (Complete)Where stories live. Discover now