Part ( 2 )

568 40 10
                                    

// Unicode //

လွမ်း အလုပ်ဆင်းရမည့်ဌာနရောက်တော့ တာဝန်ခံဖြစ်တဲ့ ကိုသက်ပိုင်က ဌာနရဲ့လည်ပတ်ပုံကို အကြမ်းဖျဉ်းရှင်းပြသည်။ လွမ်း ပုံစံကြောင့် တစ်ချို့ဝန်ထမ်းတွေက ရယ်ချင်သလို လှောင်ရိပ်သမ်းနေသော်လည်း အရေးမပါသည့်ကိစ္စတွေမို့ မသိချင်ယောင်ဆောင်ထားလိုက်သည်။ လွမ်းမှာ ဒီ့ထက်အရေးကြီးတာတွေ အများကြီးရှိသေးတယ်...

ပထမဆုံးအလုပ်ဝင်သည့်ရက်က ဘာမှမယ်မယ်ရရ မလုပ်ရသေးဘဲ နေ့လယ်ထမင်းစားချိန်ရောက်လာသည်။ တခြားဝန်ထမ်းတွေနည်းတူ ပါလာတဲ့ ထမင်းချိုင့်ကိုဆွဲပြီး canteen ရောက်လာတော့ ဌာနပေါင်းစုံ ထမင်းစားနားချိန်ဖြစ်နေ၍ လူပြည့်နေသည်။
ဒီနေ့မှ အလုပ်စတက်တာမို့ အသိအကျွမ်းလည်းမရှိသေးတဲ့ လွမ်းတစ်ယောက် ဘယ်မှာထိုင်လို့ထိုင်ရမှန်း မသိဖြစ်နေစဉ်

"ဟေ့... လွမ်းတာရာ...ဒီမှာ လာထိုင်.."

အခက်အခဲဖြစ်‌နေစဉ် ကိုသက်ပိုင်ခေါ်သံကြောင့် နှစ်ခါမစဉ်းစားဘဲ သွားလိုက်မိတဲ့ လွမ်းက ထိုစားပွဲရောက်မှ နောင်တရသွားသည်။

"လခွမ်း....ချီးထုပ်သူဌေးပဲဟ...HR Manager က အဆစ်ပါသေး"

သို့သော် ရောက်လာပြီးမှ ဝင်မထိုင်လျှင်လည်း မကောင်းတော့တာကြောင့် ကိုသက်ပိုင်ဘေးက ခုံမှာပဲ ဝင်ထိုင်လိုက်ရတော့သည်။

တစ်ဖက်မှာ ရောင်ခြည်သစ်နဲ့ နေကုဋေရှိနေပြီး လေးယောက်သားက မျက်နှာချင်းဆိုင်ပင်။
မနက်ကဟန်ပြထည့်လာတဲ့ ထမင်းချိုင့်ကိုဖွင့်လိုက်တော့ အနည်းငယ်ကြမ်းတမ်းသည့်ထမင်းလုံးညိုညိုတွေနှင့် ခရမ်းချဉ်သီးကြက်ဥ‌မွှေကြော်က လွမ်းကိုလှောင်ပြနေသည်။ မကျက်တကျက်ကြော်ထားသည့် မုန်လာဥနီလေးတွေက အဆစ်ပါသေးသည်။
ရုတ်တရက် လွမ်းရင်ထဲတိုးဝင်လာတာက အကျင့်ယုတ်ချင်သည့်စိတ်ကလေး...
'ပထမဆုံး သင်ခန်းစာလေး စလိုက်ကြတာပေါ့..ဟ..ဟ'

ခေါင်းငုံ့နေတုန်းမှာ ကကြီးပုံနှုတ်ခမ်းလေးက ဖြတ်ခနဲ တွန့်ကွေးသွားပြီး ပြန်မော့လိုက်သည့်အခါ ပကတိတည်ငြိမ်လျှက်...

ကြက်ဥမွှေကြော်နဲ့ ခါကျက်ဥကို ဇွန်းအပြည့်ခပ်ပြီး နေကုဋေ့ ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။ ပြီးလျှင်တော့ မထုံတတ်တေးမျက်နှာလေးနှင့်

Passionate LOVE (Complete)Where stories live. Discover now