Part ( 23 )

223 13 0
                                    

// Unicode //


လွန်ခဲ့သောနှစ်များဆီသို့ ပြန်သွားရသော် ...

ကိုလေး ဒုတိယနှစ် တက်တဲ့နှစ်မှာပဲ ညီအစ်ကို သုံးယောက်လုံးရှိတဲ့ Group Chat ကနေ ပုံလေးတစ်ပုံနဲ့အတူ စာပို့လာသည်။

"ကျွန်တော် သဘောကျတဲ့သူရှိနေပြီ သိလား ကိုကြီး"

လူငယ်လေးသုံးယောက်ပါတဲ ပုံမှာ ကိုလေးက အလယ်ကဖြစ်ပြီး ကျန်တဲ့နှစ်ယောက်က ကိုလေးနဲ့မတူစွာ မြင့်မားတဲ့အရပ်နဲ့ ခန့်ညားကြသည်။ ငယ်ရွယ်ပြီး တက်ကြွဟန် အပြည့်နဲ့ ဖြစ်သည်။ ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာတဲ့ ကိုလေးတစ်ယောက်သာ သေးသေးကွေးကွေးလေးဖြစ်နေတာပင်။

"ဟုတ်လား...ဘယ်တစ်ယောက်လဲ ကိုလေး"

"ညာဘက်က ပိုချောတဲ့တစ်ယောက်"

"ဘယ်ဘက်က တစ်ယောက်က ပိုချောတာပါ လိပ်မျိုးရယ်၊ သဘောကောင်းမယ့်ပုံပဲ၊ သူကဘယ်သူလဲ"

"သူက ဒီတိုင်းသူငယ်ချင်းပဲ၊ ရောင်ခြည်သစ်တဲ့။ တကယ်တော့ သူတို့နှစ်ယောက်က ငယ်ငယ်တည်းက သူငယ်ချင်း တွေလေ၊ ကျွန်တော်နဲ့သာ ဒီနှစ်မှသိတာ၊ ကျွန်တော်တော့ စတွေ့တည်းက ကြွေတာပဲ။"

"ခုမှ သိတဲ့သူကို ကြွေတယ်တဲ့၊ ဟုတ်ရော ဟုတ်ရဲ့လား ကိုလေးရာ"

"ဟုတ်ပါတယ်ဆိုဗျာ ကိုကြီးက သူ့ကို အပြင်မှာ မမြင်ဘူးလို့ တကယ်ချောပြီး မိုက်တာ ရောင်ခြည့်ထက်ချောတယ်"

"ကျွန်တော်လဲ ညာဘက်က အစ်ကိုကြီးက ပိုချောတယ်လို့ထင်တယ်၊ သူ့နာမည်ကရော ဘာတဲ့လဲ"

တချိန်လုံး တိတ်နေတဲ့ ငယ်လေးက ဝင်ပြောလာတာဖြစ်သည်။

"သူက နေကုဋေတဲ့၊ ငယ်လေးလည်း သဘောကျလို့လား"

"တော်စမ်း ကိုလေး၊ ကလေးကို ဘာတွေ လျှောက်မေးနေတာလဲ။ ငယ်လေးလည်း ကိုယ့်စာကို အာရုံစိုက်"

"ကျွန်တော်လည်း ကိုလေး ချစ်သူကို သိချင်လို့ဟာကို"

"ဒီအချိန်ထိ မအိပ်သေးဘဲ လိုင်းသုံးနေတာ မေမေ့ဆီ လှမ်းတိုင်လိုက်မှာနော် ငယ်လေး၊ ကလေးက ကလေးလို မနေဘူး"

Passionate LOVE (Complete)Where stories live. Discover now