Part ( 1 )

2.1K 60 15
                                    

// Unicode //

မွန်းလွဲ ၂ နာရီ သည် သာမန်အားဖြင့် အလွန်ပူပြင်းသော အချိန်ဖြစ်သော်ငြား ထိုနေ့ကတော့ မစို့မပို့ရွာချနေသော မိုးရေစက်များကြောင့် အနည်းငယ်အပူသက်သာခဲ့သည်။
သို့သော် ဟိုတစ်စဒီတစ်စပြန့်ကျဲနေသော အုတ်ဂူဖြူဖြူများကြားတွင် အသစ်တစ်ခုဖန်တီးနေသော လူနည်းစုနှင့် ၎င်းတို့ဘေးမှ သေဆုံးသူ၏မိသားစုဝင်များမှာမူ မအေးချမ်းနိုင်ပေ။
သေဆုံးသူမှာ ချမ်းသာ၍ အသိုင်းအဝိုင်းကောင်းသောမိသားစုမှ ဖြစ်ပုံရသည်။ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် လိုက်လံပို့ဆောင်သူ လူအများရှိနေပြီး ၎င်းတို့၏ အဆင့်အတန်းမှာ မြင်ရုံနှင့်ပင် မနိမ့်ကြောင်းသိသာလှသည်။

ပြာလွင့်လွင့်အရောင်ခြယ်နေသော အုတ်ဂူသစ်လေးအား ငေးကြည့်နေသူ အသက်‌ ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးကြီးမှာ ငိုရလွန်းလို့ဆက်လက်မငိုကြွေးနိုင်တော့ဟန် အသံထွက်၍ပင် မရှိုက်နိုင်တော့ဘဲ မျက်ဝန်းမှ မျက်ရည်တို့ကသာ တသွင်သွင်စီးကျနေသည်။ ထိုအမျိုးသမီး၏ ပုခုံးအား ခပ်ဖွဖွဆုပ်ကိုင်ရင်း ဘေးမှ အမျိုးသားဖြစ်သူက နှစ်သိမ့်နေ၏။

ဆေးသုတ်ပြီးစီးသွားသော အုတ်ဂူရှေ့တွင် ဓာတ်ပုံမှန်ဘောင်တစ်ခုကို တင်းတင်းကျပ်ကျပ်ရင်ဝယ်ပိုက်ရင်း အံကြိတ်ထားသည့် ကောင်ငယ်လေးတစ်ဦး.....

မဟော်ဂနီရောင်ဆံနွယ်များကြောင့် ဖြူဝင်းသောအသားအရေပိုင်ရှင်ကောင်လေး၏ မျက်နှာမှာ ပို၍ ထင်းနေပြီး ငိုထားသောကြောင့် နှာခေါင်းထိပ်‌လေးနှင့် ခပ်နက်နက်မျက်ဝန်အစုံမှာ နီ‌ရဲနေသည်။
လှုပ်လီလှုပ်လဲ့ မျက်ရည်စတို့က ဝေ့သီနေပြီး မေးရိုးတင်းနေသည်အထိ အံကိုတင်းတင်းကြိတ်ကာမျက်ရည်မကျအောင် ထိန်းချုပ်ထားရသည့်ပုံပေါက်နေသည်။
ထိုကောင်‌ငယ်လေး ရင်ဝယ်ပိုက်ထားသော မှန်ဘောင်အတွင်းမှာတော့ သိပ်ကိုအပြစ်ကင်းစင်ဟန် ရယ်မြူးရိပ်တို့နှင့် အမျိုးသားငယ်လေးတစ်ဦးရှိနေ‌သည်။

မောင်ကြယ်စင်ခ
အသက် (၂၂) နှစ်
.
.
.

"shit!...... နေဦး....နေဦး...ကျွန်တော်လည်းလိုက်မယ်"

Passionate LOVE (Complete)Where stories live. Discover now