Part ( 27 )

240 14 0
                                    

// Unicode //

သူ့မင်္ဂလာပွဲက သိပ်မလိုတော့ဘူးဆိုပေမဲ့ နေကတော့ အဲ့တာကို လုံးဝအာရုံရှိမနေဘဲ မာမီနှင့်သာ လွှတ်ထားလိုက်သည်။ မင်္ဂလာပွဲကို စိတ်မဝင်စားပေမဲ့လည်း မင်္ဂလာပွဲပြီးတာနဲ့ သံစဉ်တို့ဘက်က သူ့ Project မှာ ရှယ်ယာဝင်မှာကိုတော့ စိတ်ဝင်စားသည်။ သူ့အဖြစ်ကလည်း တကယ့်ကို ကိုယ့်ကိုယ်ကို ရောင်းစားတာပါပဲ။

သံစဉ့်ကို မချစ်ဘူးဆိုပေမဲ့ မုန်းလည်းမမုန်းတာကြောင့် အိမ်ထောင်ရေးက အဆင်ပြေမယ်တော့ ထင်ရတာပါပဲလေ။ တစ်ယောက်ကို တစ်ယောက် လိုအပ်ချက်ကိုယ်စီနဲ့ လက်ထပ်မဲ့ကိစ္စမှာ ဒီ့ထက်ပိုပြီးလည်း ဘာကိုမှ မမျှော်လင့်ချင်တော့။ နှလုံသားကို တစ်စုံတစ်ယောက်ထံ အပြီးတိုင်အပ်နှင်းလိုက်ပြီမို့ သူ့အနေနဲ့ကတော့ သံစဉ့်ကို ဘယ်လိုမှ ချစ်နိုင်မှာမဟုတ်ဘူးဆိုတာကလည်း အသေအချာပင်။

လက်ရှိမှာတော့ မင်္ဂလာပွဲကို လျစ်လျူရှုပြီး ရုံးခန်းထဲမှာ ကိုသစ်နဲ့အတူ သူတို့လုပ်မဲ့ Project ကို စဖို့ပြင်ဆင်နေချိန်ဖြစ်သည်။ သူက သူ့သောကနဲ့သူ ပူနေသလို ကိုသစ်ကလည်း ဘာတွေဖြစ်နေမှန်းမသိ၊ ဒီတလောမှာ လုံးဝမျက်နှာမကောင်းပေ။
အလုပ်လုပ်နေရင် သက်ပြင်း ခဏခဏ ချနေတဲ့ ကိုသစ်ကြောင့် နေကပဲ

"ဘာဖြစ်နေတာလဲ ကိုသစ် နေမကောင်းဘူးလား"

"မဖြစ်ပါဘူး နေ...ငါ တွေးစရာလေး နည်းနည်းရှိနေလို့"

နေ့မင်္ဂလာပွဲနီးလာတာနဲ့အမျှ ‌ရောင်ခြည်သစ်ပို၍ ခြောက်ခြားလာသည်။ သူ တကယ်ပဲ နေ့ ကို လက်လွှတ်ဆုံးရှုံးရတော့မှာလား...
ဒီကြားထဲ ကြယ်စင်မောင်ကလည်း အမျိုးမျိုး စိတ်ဒုက္ခပေးသည်။ သူ့ကို စိတ်တိုင်းကျလို့ ခဏခဏ အတူနေဖြစ်ပေမဲ့ ဒီတလောကျမှ စိတ်မထင်ရင် မထင်သလို အိပ်ယာပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီး ပြီးသွားတာနဲ့ ရောင်ခြည့်ကို ပစ်စလက်ခတ် ထားခဲ့သည်။
မိန်းမငယ်လေးလို ဂရုစိုက်ခံချင်တာမျိုးမဟုတ်ပေမဲ့ ဒီလိုမျိုး ဆက်ဆံခံနေရတာကျတော့လည်း တော်တော်လေး တန်ဖိုးမဲ့ သလို ခံစားရသည်။ သို့ပေမဲ့လည်း ကြယ်စင်မောင်နဲ့ နေရတာကိုတော့ သူ တကယ်သဘောကျတာဖြစ်သည်။
အခုအခြေအနေမှာတော့ သူ့အဖြစ်က နေ့ကိုလည်း သူများမပေးချင် အတူနေတဲ့ ကြယ်စင်မောင်ကိုလည်း လက်မလွှတ်ချင် ဖြစ်နေရတာ တကယ့်ကို ကို့ယို့ကားယားနိုင်လှသည်။

Passionate LOVE (Complete)Where stories live. Discover now