Part ( 26 )

227 17 3
                                    

// Unicode //

"ဘယ်လိုလဲဝေယံ ငါ စုံစမ်းခိုင်းတာ အဆင်ပြေခဲ့လား"

ဝေယံနဲ့ချိန်းထားတဲ့ ဆိုင်ရောက်တော့ ထိုင်ထိုင်ချင်း လွမ်း မအောင့်နိုင်ဘဲ မေးလိုက်သည်။ လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း ဒီအဖြေကို သိရဖို့အတွက် သူ စိတ်စောနေခဲ့တာ။

"အေး.. ပြေတယ် CCTV မှတ်တမ်း နှစ်ခုလုံး ရခဲ့တယ် အသံတော့ ကြားရမှာမဟုတ်ဘူး ဒါပေမဲ့ ဘာမှ မပူနဲ့၊ အဲ့တုန်းက ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့ လူကို ဆက်သွယ်လို့ ရထားတယ်"

"ဟုတ်လား၊ ဒါဆို CCTV မှတ်တမ်း အရင်ကြည့်ရအောင်"

အသင့်ရှိနေတဲ့ လက်ပ်တော့ကို ဖွင့်ရင်း ပြောလိုက်တော့ ဝေယံက မှတ်တမ်းပါတဲ့ မန်မိုရီစတစ်ကို ချက်ချင်းမပေးသေးဘဲ

"နေအုံး လွမ်း၊ ဒါကို ငါ ပေးမှာပါ၊ ဒါပေမဲ့ တောင်းဆိုစရာရှိတယ်"

ဒီလိုတစ်ခါမှ မပြောဖူးတဲ့ ဝေယံက ထူးထူးဆန်းဆန်း ပြောလာတာကြောင့် လွမ်းလည်း ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ

"အေး... ရတယ်၊ မင်း ဘာပဲ တောင်းဆို တောင်းဆို ငါ ဖြစ်အောင် လုပ်ပေးမယ်၊ အဲ့တာကို အရင်ပေး"

အဲ့တော့မှ ဝေယံက သူ့လက်ထဲမှာ ကိုင်ထားတဲ့ စတစ်ကို လက်ပ်တော့မှာ ဖွင့်ပြသည်။ ပထမတစ်ခုက ညဘက်မှာ ရိုက်မိထားတဲ့ မှတ်တမ်းဖြစ်ပြီး CCTV ထဲမှာ တွေ့နေရတာက မူးပြီး ယိုင်နဲ့နေတဲ့ လူတစ်ယောက်ကို အခန်းထဲတွဲခေါ်သွားတဲ့ ရောင်ခြည်သစ်ကိုဖြစ်သည်။ သေချာကြည့်တော့မှ ခေါင်းငိုက်စိုက်ကျနေတဲ့သူက ကိုလေးမှန်း သိရသည်။ ခဏကြာတော့ ရောင်ခြည်သစ်ပြန်ထွက်လာပြီး အပြင်မှာ လူတစ်ယောက်နဲ့ စကားပြောနေသည်။ ထိုသူက စကားပြောပြီးတာနဲ့ ရောင်ခြည်သစ်ပေးတဲ့ ပိုက်ဆံအထပ်လိုက်ကို ယူပြီး ကိုလေးရှိတဲ့ အခန်းထဲကို ဝင်သွားတော့သည်။ ဒီလောက်ဆို အခြေအနေကို လွမ်း သဘောပေါက်နေပြီဖြစ်သည်။

"တောက်... ရောင်ခြည်သစ် လူယုတ်မာ"

ဒေါသထွက်နေတဲ့ လွမ်းကို ကြည့်ပြီး ဝေယံလည်း ဘာစကားမှ မဟရဲပေ။ ပထမမှတ်တမ်းက ထိုသူ အခန်းထဲဝင်သွားတာနဲ့ အဆုံးသတ်ပြီး နောက်မှတ်တမ်းတစ်ခုမှာတော့ ကိုလေးနဲ့ ရောင်ခြည်သစ် ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စကားပြောနေတာတွေ့ရသည်။ မျက်နှာအမူအယာကို မြင်ရသလောက် ကိုလေးက တော်တော်ဒေါသထွက်နေတဲ့ပုံပေါက်ပြီး ရောင်ခြည်သစ်ကတော့ လှောင်ပြုံး ပြုံးလျှက် အေးအေးသက်သာ ပြောဆိုနေ၏။ အဆုံးမှာတော့ ကိုလေးက ရောင်ခြည်သစ် ရင်ဘက်ကို ဖန်ကွဲစနဲ့ အားစိုက်ခြစ်ချတာကို မြင်လိုက်ရသည်။

Passionate LOVE (Complete)Where stories live. Discover now