Part ( 28 )

241 14 0
                                    

// Unicode //

(AN - Part (27) ကို မနေ့တည်းက update လုပ်ထားပေးတယ်နော်။ Noti မတက်ဘူးထင်လို့ ဒီမှာပြောပေးတာပါရှင့်)

ရောင်ခြည်သစ်နဲ့ ဘယ်လိုမှ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တာကြောင့် သူကပဲ အရင် ရှောင်ထွက်လာခဲ့လိုက်သည်။ ရုံးခန်းထဲမှာ ကျန်ခဲ့တဲ့ လူနှစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုလည်း စိတ်မဝင်စားတော့။ လက်တလော သိလိုက်ရတဲ့ အဖြစ်အပျက်တွေကြောင့် လူက တကယ်ပဲ Shock ရသွားသည်။
ဒီနေ့ကျမှ ကားလည်းယူမလာမိဘဲ မနက်ကတည်းက ကိုသစ်နဲ့လိုက်လာတာကြောင့် ကားငှားပြီးပြန်ရမှာဖြစ်ပေမဲ့ သူ့ခေါင်းထဲမှာ အတွေးတွေ ရှုပ်ယှက်ခက်နေပြီး ကားငှားဖို့လည်း သတိမရ။ လမ်းပေါ်မှာ သတိလက်လွတ်လျှောက်နေမိတာ ဘယ်နားရောက်လို့ ရောက်နေမှန်းတောင်မသိတော့ချေ။ ဘယ်လိုပဲ တွေးတွေး ကိုသစ်က တစ်သက်လုံးမှာ သူသိခဲ့တဲ့ရောင်ခြည်သစ် မဟုတ်တော့ဘူးဆိုတာ သူ လက်ခံရလိမ့်မည်။

ဘာရည်ရွယ်ချက်နဲ့များ အပြစ်မရှိတဲ့သူရဲ့ နှလုံးသားကို ကစားနိုင်ခဲ့ရတာလဲ။ သူ့ကြောင့်နဲ့ လူတစ်ယောက်လုံး သတ်သေသွားတာကိုတောင် အထွေးအထူးဘာမှ ခံစားရပုံမရှိတဲ့ ရောင်ခြည်သစ်ဟာ ပုံမှန်မှ ဟုတ်ရဲ့လား။
ဒါဆို ဒီတစ်လျှောက်လုံးမှာ သူ သိခဲ့တဲ့ ရောင်ခြည်သစ်ဆိုတာ အစစ်အမှန်မှ မဟုတ်ခဲ့ဘဲ...ဒီနေ့ သူကြုံတွေ့ခဲ့ရတာကသာ သူ့ပုံစံ အစစ်အမှန်လား...

လွမ်းငယ်...လွမ်းငယ်ကရော ဒီအကြောင်းတွေကို သိရဲ့လား...

လွမ်းက ဒါတွေကို အမှန်အတိုင်း သိခဲ့တယ်ဆိုရင်‌တောင် ကြယ်စင်သတ်သေသွားတဲ့ ဖြစ်ရပ်မှာ နေ့အပြစ်မကင်းတာကလည်း အမှန်ပဲ ဖြစ်သည်။
လွမ်း သိတယ်ပဲ ထားပါအုံး သူကရော ဘာတွေကို မျှော်လင့်နေသေးတာလဲ။ သူ ကျူးလွန်ခဲ့တာမဟုတ်ဘူး ဆိုရင်တောင် လွမ်း က သူ့ကိုချစ်ခဲ့တာမှ မဟုတ်ဘဲ။ ခဏတာ အသုံးချချင်လို့ ဟန်ဆောင်ခဲ့ရုံသာ။ ပြီးတော့ သူလည်း သိပ်မကြာခင် လက်ထပ်ရတော့မှာပဲကို...သူ ဘာများတတ်နိုင်မှာလဲ။

လမ်းလျှောက်ရင်း အတွေးထဲနစ်နေစဉ် သူ့ကို တင်းတင်ကြပ်ကြပ်ပွေ့ဖက်လိုက်တဲ့ အထိအတွေ့ကြောင့် အသိပြန်ဝင်လာရသည်။

Passionate LOVE (Complete)Where stories live. Discover now