Part ( 24 )

216 13 0
                                    

// Unicode //

မနေ့က မေမေပြန်မလာခင် ကိုလေး ပြန်ရောက်လာပေမဲ့ ရောက်ကတည်းက အခန်းအောင်နေတာ၊ ညစာလည်းထွက်မစား။ ညက လွမ်းနဲ့ ဂိမ်းဆော့ပေးဖို့ ပြောထားပေမဲ့ ပြန်ရောက်ကတည်းက မျက်နှာမကောင်းတဲ့ ကိုလေးကို တစ်ညတော့ လွမ်းလွှတ်ထားပေးလိုက်သည်။ ဒါပေမဲ့ မနက် ၁၀ နာရီထိုးတဲ့အထိ အိပ်ခန်းထဲက ထွက်မလာတော့ လွမ်း စိတ်ဆိုးချင်လာသည်။

မေမေလည်း ကုမ္မဏီသွားပြီဆိုတော့ ကိုလေးကို နှိုးဖို့ လွမ်းအပေါ်တတ်လာခဲ့သည်။ မေမေကလည်း အခုတလော ဘာဖြစ်နေမှန်း မသိ။ ကိုလေး ဒီလောက် စည်းပျက်ကမ်းပျက် ဖြစ်နေတာကို တစ်ခွန်းမှ မဆူ။ ဒီနောက်ပိုင်း ကိုလေးနဲ့ မေမေ စကားသိပ်မပြောဖြစ်တာကိုတော့ လွမ်းသတိထားမိသည်။ သားအမိနှစ်ယောက် စိတ်ဆိုးနေကြပုံရသည်။ အပေါ်ရောက်တော့ ကိုလေးအခန်းကို တံခါးခေါက်လိုက်ပြီး

"ကိုလေး..ကိုလေး မထသေးဘူးလား"

အထဲမှ တုံ့ပြန်သံမကြားရလို့ တံခါးကို ဖွင့်ကြည့်လိုက်တော့ တံခါးကအလွယ်တကူ ပွင့်သွားသည်။ အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရတာက စာကြည့်စားပွဲပေါ် မှောက်အိပ်နေသည့် ကိုလေး

"ကိုလေးကဗျာ စာမေးပွဲပြီးသွားတာတောင် ဘာစာ‌တွေ လုပ်နေလို့ စာကြည့်ရင်း အိပ်ပျော်သွားရတာလဲ လည်ပင်းနာနေတော့မှာပဲ"

ပြောလည်းပြော အိပ်ပျော်နေတဲ့ ကိုလေးကို ပုခုံးကနေ လှုပ်နှိုးလိုက်တော့ အိပ်ပျော်နေတဲ့ ခန္ဓာကိုယ်က တအိအိနဲ့ သူ့အပေါ် ပြိုဆင်းလာသည်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရသင့်ရထိုက်တဲ့ အနွေးဓာတ်ကိုလည်း မခံစားမိဘဲ အေးစက်နေသည်။

"ကိုလေး..ကိုလေး ကျွန်တော့်ကို မခြောက်နဲ့နော် မေမေ...မေမေရေ...လုပ်ပါအုံး ကိုလေးကို ခေါ်လို့မရတော့ဘူး"

သူဘယ်လောက်ခေါ်နေနေ ကုမ္မဏီသွားပြီဖြစ်တဲ့ မေမေလည်း မကြားသလို အစတည်းက သားအမိသုံးယောက်တည်းနေတဲ့ အိမ်မှာ မေမေကလွဲရင်လည်း သူ့မှာ အားကိုးစရာမရှိခဲ့။ ကြောက်အား လန့်အားနဲ့ မေမေ့ကို ဖုန်းဆက်ပြီး အိမ်အမြန်ပြန်လာဖို့ပြောခဲ့သည်။ သို့သော် သူဖုန်းဆက်ပြီး နာရီအတော်ကြာတဲ့ အထိ မေမေပြန်မရောက်လာခဲ့ပါ။ ထိုအစား ဖုန်းအစိမ်းတစ်ခုကိုသာ လက်ခံရရှိခဲ့ပြီး

Passionate LOVE (Complete)Where stories live. Discover now