Part ( 34 )

264 20 0
                                    

// Unicode //

မနေ့ညနေကတည်းက ထွက်သွားပြီး မနက်ရောက်တဲ့အထိ ပြန်ရောက်မလာတဲ့ သား ဖြစ်သူကြောင့် ဒေါ်ခင်မမ ရတတ်မအေးနိုင်အောင်ဖြစ်နေရသည်။ ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူကိုလည်း အသိမပေးချင်တာ ကြောင့် သားနဲ့ နီးစပ်ရာလူတွေကို လိုက်မေးနေခဲ့ပေမဲ့ ဘယ်သူမှ သေချာမသိဘူးဖြစ်နေသည်။ 

မနက် ၁၀ နာရီ တရားရုံးမှာ လက်မှတ်ထိုးပြီးတာနဲ့ ညနေကို ဧည့်ခံပွဲ လုပ်မဲ့ အစီအစဉ်ကြောင့် ၁၀ နာရီ မထိုးခင် နေကုဋေ ပြန်ရောက်လာမှ ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူမတို့အနေနဲ့ သတို့သမီးဘက်ကို ဘယ်လို မျက်နှာ ပြရမလဲတောင် မသိတော့။ 

အဲဒီ့အချိန်မှာပဲ ကုမ္မဏီအလုပ်တွေ မရှိတော့ကတည်းက ယောင်တောင်တောင်ဖြစ်သွားတဲ့ သူမခင်ပွန်းဖြစ်သူက လမ်းလျှောက်သွားနေရာက ပြန်ရောက်လာပြီး

"ခုထိ မပြင်ဆင်ရသေးဘူးလား မမ... နေကုဋေရော..."

"ကိုမင်း...သား က..."

သူမ စကားပြောဖို့ အားယူနေတုန်းမှာပဲ ဦးနေမင်းသာရဲ့ဖုန်းက ထမြည်လာသည်။ ဖုန်းခေါ်လာတဲ့သူက နွေဦးသံစဉ်ရဲ့ ဖခင်ဖြစ်နေတော့

"ဟယ်လို...ကိုဇေယျာ...ပြောပါ"

တစ်ဖက်လူက ဘာပြောလိုက်မှန်း မသိပေမဲ့ ဦးနေမင်းသာရဲ့ မျက်နှာက တဖြည်းဖြည်းနီရဲလာသည်။ ဖုန်းချသွားတာနဲ့ ဧည့်ခန်းထဲကထိုင်ခုံတွေဆီ သတိလက်လွတ်လျှောက်သွားပြီး ထိုင်ချလိုက်သည်။ ထို့နောက် တုန်ယင်ချင်နေသော အသံကို ထိန်းကာ

"ကိုဇေယျာတို့ဘက်က မင်္ဂလာပွဲဖျက်လိုက်ပြီ"

"ဘာ...ဘာဖြစ်လို့တဲ့လဲ ကိုမင်း"

"နွေဦးသံစဉ်က သူ့ချစ်သူနဲ့ ခိုးရာလိုက်ပြေးသွားတယ်တဲ့..."

"ရှင်...အစတုန်းကတော့ သံစဉ့်မှာချစ်သူ မရှိဘူးဆို... ဘယ်လိုဖြစ်ရတာလဲ... ဒါပေမဲ့ အခုလိုဖြစ်သွားတာလည်း ခပ်ကောင်းကောင်းပါပဲ"

"ဘာပြောလိုက်တယ် မမ...ခဏနေ လက်မှတ်ထိုးတော့မဲ့ ကိစ္စကို သတို့သမီးဘက်က ပွဲဖျက်တာ ဘယ်လိုလုပ်ကောင်းရမှာလဲ"

Passionate LOVE (Complete)Where stories live. Discover now