"ကလေးဒီနေ့ကျောင်းပိတ်တယ်လေ"
"အင်း...ကျွန်တော်သူငယ်ချင်းနဲ့ချိန်းထားလို့"
"ကလေးမှာသူငယ်ချင်းရှိတယ်လား"
"အင်း"
"ကိုယ်ပို့ပေးမယ်"
"မလိုဘူး"
"ကလေးလေး!"
"ခင်ဗျာကဘာမို့လို့ကျွန်တော့ကိုလာအော်နေတာလဲဘာမို့လို့လဲကျွန်တော့်မှာလည်းကျွန်တော့်ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်မကျေနပ်ရင်လမ်းခွဲလိုက်"
မင်းမြတ်လေးမှာမနေ့ကမကျေနပ်ထားတဲ့အချိန်ရောယခုအကိုကြီးနဲ့တွေ့မှာမို့စိတ်မလုံမလဲဖြစ်နေတာရောပေါင်းကာအကိုအာဏာကိုအော်ပြစ်ကာထွက်လာပြီးမှနောင်တရလာရသည်။အကိုအာဏာကတစ်ညလုံးမအိပ်ပဲမင်းမြတ်လေးကိုတောင်ပန်နေခဲ့သည်ကို။
နောက်မှချော့ပါတော့မယ်လေ။
ငေးကြောင်ကြောင်ဖြစ်နေပါသောအာဏာကိုသူရကပုခုံးဖက်ကာနှိမ့်သိမ့်ပေးသည်။
"ကလေးစိတ်မကြည်တဲ့အချိန်မို့ပါ"
"အင်း"
"ကလေးငါတို့ဆီပြန်လာမှာမဟုတ်လား"
"ပြန်လာမှပေါ့ကလေးက,ကလေးတစ်ယောက်အဖေကိုရွေးချယ်မှာမဟုတ်တာတော့ငါသေချာသိတယ်ငါတို့အဲ့ကောင်ထက်အစစအရာရာသာတယ်ရုပ်ရည်လားငွေကြေးလားအချစ်ချင်းပြိုင်ရင်တောင်ငါတို့ကအများကြီးပိုသာတာကလေးကသေချာပေါက်ငါတို့ကိုရွေးမှာ"
အားမာန်ကသက်ပြင်းလေးအသာချကာဆိုဖာပေါ်ဝင်ထိုင်သည်။သုံးယောက်သားပြတင်းပေါက်ဆီငေးကြည့်နေကြသည်။အတွေးတွေကလည်းထပ်တူညီလျှက်။
'ကလေးကငါတို့ဆီသေချာပေါက်ပြန်လာမှာ'
မင်းမြတ်လေးTaxiစီးကာအကိုကြီးနှင့်ချိန်းထားသောနေရာသို့လာခဲ့သည်။အကိုကြီးကဆိုင်ရဲ့ချောင်ကျသောနေရာမှာထိုင်နေကာမျက်လုံးများကလည်းနီရဲနေသည်။မတွေ့တာကြာလို့ပဲလားအကိုကြီးအရမ်းပိန်သွားတယ်။
မင်းမြတ်လေးအကိုကြီးရှေ့ထိုင်လိုက်တော့တစ်ချက်မော့ကြည့်လာကာပြန်ငုံ့သွားသည်။
YOU ARE READING
Playing With Fire (Complete)
General Fictionလှည့်စားခဲ့တာမှန်ပေမယ့်ဒီလူသားတွေကိုသူအသက်ထက်ပိုမြတ်နိုးမိပါတယ် မင်းမြတ်လေး 4somes💚