20

3.1K 141 3
                                    

အားမာန်နှင့်အာဏာကချက်ချင်းငြိမ်ကျသွားသည်။သုံးယောက်သားတစ်ယောက်ကိုတစ်ယောက်မိနစ်အနည်းငယ်လောက်စိုက်ကြည့်မိလေသည်။ထိုနှစ်ယောက်၏အတွေးကိုရိပ်မိသွားတာကြောင့်သူရခေါင်းအသာခါရမ်းမိလိုက်သည်။

"ငါတို့သုံးယောက်ထဲကမဟုတ်ဘူး"

"မင်းဘာတွေကြံစည်နေတာလဲသူရ"

"ငါမင်းလိုမယုတ်မာဘူးအာဏာ!"

အားမာန်ကလည်းထောက်ခံသလိုခေါင်းအသာငြိမ့်ပြသည်။

"ငါလည်းနည်းနည်းရိပ်မိတယ်"

အားမာန်၏မျက်နာကဝမ်းနည်းရိပ်သန်းနေသည်။

"ဘယ်သူလဲကလေးလေးချစ်တဲ့လူက"

"ပထမဆုံးကလေးနဲ့ငါတို့အတူနေကြတဲ့အချိန်တုန်းကငါချိန်းခြောက်ဖူးတဲ့ကောင်လေမှတ်မိလား"

အာကာကခနစဥ်းစားကာ

"ဟုတ်သားကလေးလေကငါတို့ကိုချစ်လို့တွဲခဲ့တာမှမဟုတ်ပဲသူကသူချစ်တဲ့လူကိုထိမှာကြောက်.."

အာဏာကဆက်မပြောနိုင်တော့ပဲလက်သီးတင်းတင်းဆုပ်ကာအံကြိတ်မိလိုက်သည်။

"Okသူ့ကိုရှင်းလိုက်ရင်ပြီးသာပဲမလား"

အားမာန်ကဂရုမစိုက်သလိုပြောလိုက်သော်လည်းရင်ဘတ်ထဲဘယ်လောက်နာကျင်နေရမှန်းသူကိုယ်တိုင်သာသိသည်။

"အဲ့လိုဆိုကလေးလေးငါတို့ကိုမုန်းသွားမှာ"

သူရကပြောရင်းငြိမ်သွားသလိုကျန်၂ယောက်လည်းငြိမ်ကျသွားသည်။

"အဲ့တာဆိုဘာလည်းငါတို့က,ကလေးကိုသူ့လက်ထဲထည့်ပေးလိုက်ရမှာလားလီးတောင်မလုပ်နိုင်ဘူးအမုန်ခံပြီးရအောင်ယူမှာပဲမင်းတို့လက်လျှော့လည်းငါမလျှော့နိုင်ဘူးလီးပဲ"

"မင်းလီးစကားပြောနဲ့အာဏာငါတို့က,ကလေးမမုန်းပဲအဲ့ကောင်ကိုရှင်းပြစ်နိုင်မယ့်နည်းလမ်းကိုရှာနေတာမရရင်တော့ဘယ်နည်းပဲဖြစ်ဖြစ်သုံးမှာပဲ"

အားမာန်ကမျက်မှောင်ကြုတ်ကာဒေါသတကြီးဆိုသည်။ဒီကောင်ဒီလောက်အောက်တန်းကျမှန်းအရင်ကမသိခဲ့ပေ။

Playing With Fire (Complete)Where stories live. Discover now