11

3.6K 207 1
                                    

"အကိုသူရနဲ့အကိုအားမာန်ကျွန်တော့်ကိုလွှတ်တော့လေ"

လမ်းမတူတာကြောင့်မင်းမြတ်လေးကအတင်းရုန်းတော့

"ရတယ်ကိုယ်လိုက်ပို့မယ်"

အကိုသူရကခပ်တည်တည်နှင့်ဆိုလာသည်။အကိုအားမာန်ကလည်းသဘောတူသလိုခေါင်းငြိမ့်ပြလာသည်။မင်းမြတ်လေးဆုတောင်းမိပါသည်အရူးရာသီကုန်သွားရင်သူအသတ်မခံရပါစေနဲ့။နေစမ်းပါအုန်းအကိုအာဏာကပါဘာလိုက်လုပ်တာတုန်း!။

သုံးယောက်လုံးအတန်းထဲထိကိုသေချာပို့ပေးလေသည်။ထို့နောက်အကိုအားမာန်ကအသံကျယ်ကျယ်ဖြင့်

"ကဲကဲ..အားလုံးအကြည့်တွေကိုပြင်လိုက်ကြရအောင်ဒီစီနီယာကလူဆိုးမဖြစ်ချင်တာမို့အားလုံးကအလိုက်သိပေးကြရင်ကောင်းမယ်ဒါဆိုဒီလောက်ပါပဲ"

မင်းမြတ်လေးမှာတော့ရှက်လွန်း၍အငွေ့သာပြန်လိုက်ချင်တော့သည်။

"နီလာမင်းတစ်မျိုးမထင်နဲ့နော်အကိုသူရတို့နဲ့ငါကအခန်းဖော်တွေမို့လိုက်ဂရုစိုက်ပေးနေတာ"

နီလာကမထူးဆန်းသလိုပြုံးပြလာကာသူ့ကိုပင်ပြန်နှိမ့်သိမ့်ပေးလာသည်။ဤမိန်းကလေးကြောင့်ပင်သူ့မှာကျောင်းအားအနှောက်အယှက်ကင်းကင်းတက်နိုင်ခြင်းလည်းဖြစ်သည်။စိတ်ဓါတ်ကျလာတိုင်းနှိမ့်သိမ့်ပေးသလိုအတန်းမှလူများရန်လာရှာတိုင်းလည်းကာကွယ်ပေးတတ်ပြန်သည်။သူသာstraightတစ်ယောက်ဖြစ်ပါကသူသေချာပေါက်ဤမိန်းကလေးအားလက်ထပ်မည်ဖြစ်သည်။

"ဒီနေ့တော့ဒီလောက်ပါပဲ"

အခန်းထဲကဆရာမထွက်သွားသည်နှင့်မင်းမြတ်လေးမြန်မြန်ထွက်လာလိုက်သည်။

"ကလေးလေး"

"!"

အကိုအားမာန်အသံကြားသည်နှင့်မင်းမြတ်လေးမှာနောက်ကိုလှည့်မကြည့်ပဲအမြန်ထွက်ပြေးလာလိုက်သည်။

"ကလေးလေးစောင့်အုန်း"

အကိုသူရကပါထပ်ပြီးအော်ကာပြေးလိုက်လာကြသည်။
မင်းမြတ်လေးမှာနောက်ကျတဲ့ခြေထောက်သစ္စဖောက်ဟုမှတ်ယူကာအစွမ်းကုန်အားယူပြီးပြေးခိုက်တွင်တစ်စုံတစ်ယောက်ကိုအရှိန်ပြင်းပြင်းဖြင့်ဝင်တိုက်မိလိုက်သည်။

Playing With Fire (Complete)Where stories live. Discover now