4

3.8K 215 0
                                    

စွာလွန်းပြီးမဟုတ်မခံတတ်လွန်းသောမင်းမြတ်လေးမှာထိုလူများကရွာမှလူများလိုသူတစ်ခွန်းကိုယ်တစ်ခွန်းပြန်ပြော၍ရသောလူများမဟုတ်ကြောင်းလည်းကောင်းစွာသိပါသည်။ထို့ကြောင့်သည်းခံနိုင်သရွေ့သည်းခံဖို့ကြိုးစားရင်းအဝတ်ပုံရှေ့သို့......။

"ဟေ့ကောင်အဲ့တာငါ့အဝတ်တွေကွအာဏာဟာနဲ့မရောနဲ့"

သူရကဒေါသမထွက်သော်လည်းဒေါသသံနှင့်ဆိုလေသည်။ထို့နောက်မင်းမြတ်လေးရှေ့ထိုင်ချကာမင်းမြတ်လေးမျက်နှာအားသေချာထိုင်ကြည့်မိလေ၏။

မင်းမြတ်လေးမှာအသားအတော်ကြီးကိုညိုကာပုပုသေးသေးဖြစ်သည့်အပြင်မျက်လုံးကျဉ်းကျဉ်းနှင့်ဖြစ်လေ၏။သူရမှာကြည့်ရင်းပန်းပင်သေချင်လာသလိုခံစားလိုက်ရ၏။ဘာကြီးတုန်းဟ။

"ဟေ့...မင့်မှာချစ်သူရှိလား"

"မရှိ..မရှိပါဘူးဗျ"

"အေးလေရှိရင်တောင်မှအံဩစရာကောင်းအုန်းမယ်မင့်ရုပ်ကြီးက"

မင်းမြတ်လေးမှာရုတ်တရက်ကြီး‌သတ္တိများဘယ်ကရလာမှန်းမသိတော့ပေ။ဒေါသများထွက်လာကာရှုးရှုးရှဲရှဲဖြစ်တော့သည်။ဟုတ်သည်လေရုပ်ရည်ကိုဝေဖန်ခြင်းကအင်မတန်မှရိုင်းသည်ကိုး။

"တစ်ကယ်တော့ကျွန်တော်ကရုပ်ဆိုးတာမဟုတ်ဘူးဗျတစ်စိမ့်စိမ့်ကြည့်လေချစ်စရာကောင်းလေလို့ကျွန်တော့်အကိုကြီးကပြောတယ်ဗျ"

"ဟား....ဟား"

ငြိမ်နေသောနှစ်ယောက်ဆီမှပါရွဲ့တဲ့တဲ့ရယ်သံအားကြားလိုက်ရလေသည်။

"ဒါဆိုငါကြည့်လိုက်ပါအုန်းမယ်"

သူရမှာရှေ့ကနေအားရပါးရထိုင်ကြည့်လေတော့သည်။ချောတယ်များထင်လာရင်ကိုယ့်ညီလေးကိုဖြတ်ပစ်မည်ဟုကျိန်းဝါးရင်း...။

မင်းမြတ်လေးမှာကြောက်ရွံကာနေသော်လည်းစိုးရိမ်မှုတို့မရှိပေ။သူ့အကိုကြီးကအမြဲအမှန်တိုင်းပဲပြောသည်လေအကိုကြီးကိုသူ့ကိုယ်သူထက်ပိုယုံကြည်သည်။

သူရမှာထိုင်ကြည့်နေရင်းမင်းမြတ်လေး၏နှာခေါင်းမှချွန်လာသလိုခံစားလိုက်ရ၏။ချွန်ချွန်လေးဖြစ်နေသောနှခေါင်းနှင့်အသားညိုကလိုက်ဖက်လှသလိုမျက်လုံးကျဉ်းကျဉ်းနှင့်လည်းလွန်စွာမှပနံ့သင့်လှသည်။အနီရောင်အဖျော့လေး‌သန်းနေသောနုတ်ခမ်းဖူးဖူးလေးတစ်စုံမှာမင်းမြတ်လေး၏အားသာချက်ပင်။ရုတ်တစ်ရက်သူရမှာနွေဦးရာသီရောက်သွားသလိုခံစားလိုက်ရသည်။

သူ့ညီလေးမှာအောင့်သက်သက်ဖြစ်လာသလိုပင်။မနေနိုင်တော့သည့်အဆုံးသူရမှာမင်းမြတ်လေး၏နှာခေါင်းချွန်ချွန်အားဆွဲညှစ်မိလေ၏။

'အိုး...နူးညံ့လိုက်တဲ့အသားအရေ'

အံ့အားသင့်သလိုကြည့်နေသောမျက်လုံးသေးသေးလေး။ပွင့်ဟနေသောနုတ်ခမ်းလေးအားလက်မနှင့်ပွတ်ဆွဲမိတော့

'အိုး...ဝါဂွမ်းနုနုလေးတွေပါလား'

"မင်းလိုင်းပြောင်းတော့မလို့လား"

အာဏာကမျက်မှောင်ကြုံ့ရင်းဆိုသည်။ထိုအခါမှသူရမှာအလန့်တကြားထခုန်လာသည်။

"လီးပဲ!"

ဟုရှက်ကိုးရှက်ကန်းနှင့်ထဆဲကာသူ့ကုတင်ပေါ်ပြေးတက်လေတော့သည်။အားမာန်ကလည်းအကျယ်ကြီးအော်ရီလာတော့သည်။မင်းမြတ်လေးမှာပြသနာတွေသူ့ဘက်လှည့်မလာအောင်အဝတ်ကိုသာမြန်မြန်ပြီးအောင်ကြိုးစားခေါက်လေတော့သည်။

______________________________________

614💚

______________________________________

Playing With Fire (Complete)Where stories live. Discover now