2

4.9K 238 1
                                    

မင်းမြတ်လေးအခန်းထဲဝင်လိုက်သည်နှင့်ကျယ်လောင်လှသောသီချင်းသံ၊ဆဲရေးသံရယ်မောသံတို့ပါကြားလိုက်ရသည့်အပြင်မွှန်ထူနေသောရေမွှေးနံ့တို့ကိုပါရလိုက်လေသည်။မင်းမြတ်လေးအာလှည့်ကြည့်လာသောလူသုံးယောက်ကြောင့်ခါးကျိုးမတတ်ဦးညွှတ်လိုက်ရင်း။

"မဂ်လာပါဗျ ကျွန်တော်နာမည်ကမင်းမြတ်လေးဖြစ်ပါတယ်ဗျပထမနှစ်တက်ဖို့လာတာပါခင်ဗျရှေ့လျှောက်ကူညီပေးဖို့မေတ္တာရပ်ခံပါတယ်ဗျ"

မျက်လုံးအစိမ်းရောင်သန်းနေသောလူမှာရယ်ချင်နေသောမျက်နှာအားထိန်းထားသည့်ပုံစံဖြင့်
"မဂ်လာပါ အကိုကသူရပါ ဒုတိယနှစ်ပါ ခွီး...ဟားဟားမင်းကဘာလဲဟိုပိုက်ဆံမရှိလို့အလကားကျောင်းတက်မယ်ဆိုတဲ့စောက်ကလေးလားတွေးထားတာထက်ပိုရွံစရာလေးပါလားဟလာပြီးစောက်ပေါလုပ်မနေနဲ့ဒီမှာမင့်ကိုကြိုဆိုမယ့်လူတစ်ယောက်မှမရှိဘူးလစ်တော့!"

ကျန်နှစ်ယောက်မှာလည်းမျက်နှာတွေရှုံ့မဲ့နေသည်။

မျက်လုံးနက်နက်နှင့်တစ်ယောက်ကဖုန်းကိုထုတ်လိုက်ပြီးတစ်စုံတစ်ယောက်အားအော်ဆဲနေလေသည်။

"လီးမို့လို့ငါတို့အခန်းကိုအစုတ်အပြတ်ကောင်ကိုပို့လာတာလားမင်းသေချင်နေတာလားဒါမှမဟုတ်သူ့ကိုသေစေချင်တာလား"

"......"

"ဟာကွာလီးပဲ...တောက်"

အစိမ်းရောင်မျက်လုံးပိုင်ရှင်ကမေးလိုက်သည်။

"ဘာတဲ့လဲဟျောင့်"

"ငါ့အမေအမိန့်တဲ့ဟေ့လီးပဲကွာ...."

မင်းမြတ်လေးမှာဤထွားထွားကြိုင်ကြိုင်စီနီယာများမှာကြောက်ဖို့ကောင်းသည်ဟုတွေးမိသော်လည်းဤမျှရိုင်းလိမ့်မည်မထင်သောကြောင့်ကြောင်အနေမိသည်။သူ့ဘဝတစ်လျှောက်လုံးတွင်ဤမျှလောက်ရိုင်းစိုင်းသောလူများကိုမတွေ့ဖူးချေ။

ထိုချိန်တွင်တစ်ချိန်လုံးတိတ်ဆိတ်နေသောမျက်လုံးအပြာနဲ့လူမှာသူ့ဘက်လှည့်လာပြီး​အော်ဟစ်လာသည်။

"ငါလိုး!မင်းကဘာလာကြည့်နေတာလဲမင်းစောက်ဆင့်နဲ့ကျွတ်....သွားစမ်းဟိုမှာမင်းကုတင် ဗီရိုကိုသူရနဲ့ပေါင်းသုံး၂ယောက်တစ်လုံးတဲ့လီးပဲ!!"

ထိုချိန်တွင်မျက်လုံးအစိမ်းနှင့်သူရမှာအလန့်တကြားအော်ဟစ်လာသည်။

"လီးမို့လို့ငါကသူနဲ့အတူတူပေါင်သုံးရမှာလားဟိုကောင်ငါတစ်ယောက်ထဲသုံးမယ်မင်းကျေနပ်သလား"

မင်းမြတ်လေးမှာအလန့်တကြာဖြင့်ခေါင်းပြုတ်မတတ်ငြိမ့်ပြလိုက်သည်။
"ရ....ရပါတယ်ဗျ"

ဟုဆိုကာမိမိကုတင်ဆီသို့အပြေးသွားလိုက်တော့သည်။

အထုပ်များကိုကုတင်အောက်နှင့်ခြေရင်းတွင်သာအဆင်ပြေသလိုထားလိုက်သည်။ရင်ဘတ်တစ်ခုလုံးလည်းခုန်လှုပ်နေပြီးကြောက်ရွံ့စိတ်ကြောင့်တစ်ကိုယ်လုံးလည်းတုန်လှုပ်နေ၏။အဖေနဲ့အမေကိုလွှမ်းသည်ပြီးတော့...အကိုကြီးကိုလည်းလွှမ်းသည်။အိမ်သာပြန်ပြေးလိုက်ချင်စိတ်ပင်ပေါက်လာရတော့သည်။တက္ကသိုလ်မတက်ရလည်းနေပါစေတော့။

ညအိပ်ဖို့ကြံပေမယ့်အိပ်မရပေ။အကြောင်းမှာသီချင်းသံအကျယ်ကြီးကြောင့်ဖြစ်သည်။ပိတ်ပေးဖို့လဲသွားမပြောရဲသောကြောင့်ဖုန်းသာဖွင့်ကြည့်မိလေသည်။ကျောင်းpageထဲဝင်ကာစူးစမ်းကြည့်ပြီးတဲ့နောက်မှတော့ပို၍ပို၍ကြောက်လန့်ကာငိုချင်လာမိတော့သည်။

မျက်လုံးအစိမ်းရောင်ပိုင်ရှင်မှာသူရဖြစ်ပြီးကျောင်းအားအဓိကပံ့ပိုးသူရဲ့သားဖြစ်လေသည်။play boy တစ်ယောက်ဖြစ်ပြီးသူနှင့်မအိပ်ဖူးသောမိန်းမသည်ရှားပါးခေတ်မမှီဘူးဟုပြောခံရသည်အထိဆိုးဝါးလေသည်။

မျက်လုံးအပြာပိုင်ရှင်မှာအားမာန်ဖြစ်ပြီးရန်ပွဲများကိုကြိုက်နှစ်သက်သူဖြစ်ကာသူ,မရိုက်ခွဲဖူးသောခေါင်းမရှိသလောက်ပင်။ကျောင်းအားဒုတိယအများဆုံးပံ့ပိုးသူ၏သားဖြစ်လေသည်။

အစိမ်းရောင်မျက်လုံးပိုင်ရှင်မှာအာဏာဖြစ်လေ၏။ကျောင်းပိုင်ရှင်၏သားဖြစ်ပြီးဘာကြောင့်မှန်းမသိမိန်းမများအားအလွန်မုန်းတီးကာRsများအားလည်းမုန်းတီးရွံရှာတတ်လေသည်။

သုံးယောက်လုံးသည်သွားထိ၍မရသောလူများပင်ဖြစ်လေသည်။

မင်းမြတ်လေးမှာအသံတိတ်ငိုယိုကာနောက်နေ့တွေအတွက်တွေးရင်းတွေးရင်း,ရင်လေးမိပါသည်။အကိုကြီးသာလာခေါ်သွားရင်သိပ်ကောင်းမှာပဲ။

______________________________________

614💚

______________________________________

Playing With Fire (Complete)Where stories live. Discover now