9

3.6K 220 4
                                    

သုံးယောက်လုံးရေချိုးခန်းထဲတစ်ဖန်ရောက်ရှိသွားပြန်သည်။

"မင်းကငါ့ကိုဘယ်လိုများတားမှာလဲအာဏာပြောကြည့်ပါအုန်း"

သူရကမျက်တောင့်နီနှင့်ဆိုသည်။ကြည့်ရသည်မှာအတော်ဒေါသထွက်နေပုံပင်။

"ဟ"

အာဏာမှာဒီနေ့တစ်ရက်ထဲသက်ပြင်းဘယ်နှကြိမ်ချမိသလဲတောင်မသိတော့ပေ။

အာဏာ_"ငါဘက်လိုက်ပြောနေတာမဟုတ်ဘူးကွ မင်းကgayမှမဟုတ်ပဲအချိန်တန်ရင်မင်းရိုးလာမှာပဲအဲ့တာကြောင့်အားမာန်ကိုဦးစားပေးသင့်တယ်လို့ငါထင်တာကွပြီးတော့မင့်မှာရည်းစားတွေအများကြီးရှိတယ်အားမာန်မှာတော့ကြိုက်မိတဲ့လူဆိုလို့ဒီတစ်ယောက်ထဲရှိတာကွ"

သူရ-"ငါပထမဆုံးသဘောကျမိတဲ့လူလို့မင့်ကိုပြောပြီးသားမလားငါအစစ်အမှန်သဘောကျမိတဲ့လူလို့ပြောပြီးသားမလားငါ့အတွက်ရောgayတစ်ယောက်အဖြစ်ပြောင်းရတာလွယ်တယ်လို့ထင်နေလားကွ"

အားမာန်-"မလွယ်ရင်ပြောင်းမနေနဲ့လေ"

သူရ_"မင်းဘာခွေးစကားပြောတာလဲ"

သူရမှာအပြောထက်မြန်စွာအားမာန်အကျီရင်ဘတ်အားဆွဲဆောင့်ကာလက်သီးပင်ရွယ်ထားသည်။အားမာန်ကမျက်လုံးများမှေးကျင်းကာသူ့ရင်ဘတ်အားငုံ့ကြည့်ပြီးသူရ၏လက်သီးဆုပ်အားပြန်ကြည့်လိုက်သည်။

"ငါ့ကိုလာထိလို့ကတော့သူငယ်ချင်းလဲညာမှာမဟုတ်ဘူးနော်"

"အဲ့တော့မင်းကဘာဖြစ်ချင်လဲ"

"ဟာ ဟျောင့်တွေတော်တော့"

အာဏာကနှစ်ယောက်လုံးကိုအားသုံးကာဆွဲခွာလိုက်သည်။

"‌တိုးတိုးတိတ်တိတ်လုပ်ကြကွအထဲကသတ္တဝါလေးနိုးလာအုန်းမယ်"

"ငါလုံးဝလက်လျှော့မှာမဟုတ်ဘူး"

အားမာန်ကမျက်နာထားတင်းတင်းနှင့်ဆိုသည်။

"ငါလည်းအလျှော့ပေးမယ်ထင်နေလား"

သူရကလဲမလျှော့သောမျက်နာထားနှင့်ပြန်ပက်လေသည်။

အာဏာသက်ပြင်းချ၍

"မင်းတို့၂ယောက်ဟိုသောက်ကလေးရဲ့ဆန္ဒကိုလည်းမေးကြည့်ဖို့လုပ်အုန်းကွဟိုကအဖြောင့်လေးဖြစ်နေရင်ရောရောက်လာကတည်းကသူကငါတို့ဆီမျက်လုံးတောင်စွေကြည့်တာမဟုတ်ဘူးကွ"

Playing With Fire (Complete)Where stories live. Discover now