မင်းမြတ်လေးကျောင်းကအပြန်တွင်အဆောင်မှကျောင်းသားတစ်ယောက်ကပုခုံးကိုဖက်ကာစကားပြောလာသည်။
"ဟေ့အမဲလုံးလေးမင်းမှာဓါးပြီးတုတ်ပြီးဆေးဝါးတွေဘာတွေများရှိထားလာကွရှိရင်ညွှန်းပါအုန်း"
"ဘာလို့လဲ"
"ဟိုမြေခွေးသုံးကောင်နဲ့အတူတူနေတာတောင်ခုထိမသေသေးလို့လေ"
မြေခွေးသုံးကောင်!စီနီယာတို့ကိုပြောတာလား။ရုတ်တရက်ကြီးမင်းမြတ်လေးမှာဒေါသများထွက်လာရသည်။
"မင်းဘာလို့ကိုယ့်စီနီယာတွေကိုမကောင်းပြောတာလဲသူတို့ကမင်းထင်သလိုမဟုတ်ဘူးကွအရမ်းကောင်းကြတယ်"
နည်းနည်းယုတ်မာပေမယ်ပေါ့။
ထိုကျောင်းသားမှာမျက်နှာတစ်ခုလုံးရှုံ့မဲ့သွားရသည်။
"အေးပါကွာငါကစိတ်ပူလို့ပါမင်းအဆင်ပြေရင်ပြီးတာပါပဲဒါနဲ့မင်းတို့ကဘယ်ပြောင်းကြမလို့လဲ"
"ဘာကိုပြောင်းမှာလား"
"မင်းမသိသေးဘူးလားမင်းတို့အခန်းကပစ္စည်းတွေရွေ့နေကြတယ်လေ"
"ဘာကွ...အေးအေးကျေးဇူးပဲဟျောင့်ငါသွားပြီ"
ထိုကျောင်းသားမှာကြောင်စီစီနှင့်သာကျန်ခဲ့လေတော့သည်။
မင်းမြတ်လေးကအခန်းတံခါးကိုဒေါသတကြီးတွန်းဖွင့်ကာဝင်လိုက်တော့အခန်းတစ်ခုလုံးပြောင်ရှင်းနေသည်။
"ကလေးလေးပြန်လာပြီလား"
သူရကထိုင်နေရာမှထလာပြီးမင်းမြတ်လေးကိုပွေ့ဖက်လာသည်။မင်းမြတ်လေးကသူရကိုတွန်းထုတ်ပြစ်ကာ
"ကျွန်တော့အဝတ်တွေဘယ်ရောက်သွားတာလဲ!"
သူရကခဏကြောင်သွားပြီးမှ
"အော်ကလေးပစ္စည်းတွေလားအားမာန်နဲ့အာဏာယူသွားပြီလေကိုယ်က,ကလေးကိုလာစောင့်နေတာလာသွားရအောင်"
"ခင်ဗျားတို့ဘာသာသွာလေဘာဆိုင်လို့ကျွန်တော်ကပါလိုက်ရမှာလဲ"
"ကလေးကကိုယ်တို့ချစ်သူလေကလေးမလိုက်လို့မရဘူးကလေးလေးကြောင့်ကိုယ်တို့ကပြောင်းနေဖို့ဆုံဖြတ်ထားတာကို"
VOUS LISEZ
Playing With Fire (Complete)
Fiction généraleလှည့်စားခဲ့တာမှန်ပေမယ့်ဒီလူသားတွေကိုသူအသက်ထက်ပိုမြတ်နိုးမိပါတယ် မင်းမြတ်လေး 4somes💚