6

3.7K 216 5
                                    

မင်းမြတ်လေးအခန်းထဲစာသင်နေရင်းအောက်မျက်ခုံးများလှုပ်လာသည်။စိတ်ထဲလည်းလေးနေသလို။ဘေးမှတစ်ဦးတည်းသောသူငယ်ချင်းမလေးနီလာကိုလှည့်ကြည့်မိတော့စာကိုအာရုံစိုက်သင်နေလေသည်။ပထမဆုံးနေ့ကတည်းကမိမိကိုအဆင့်အတန်းမခွဲခြားပဲခင်ပေးခဲ့သောမိန်းကလေးပင်။

အတန်းချိန်ပြီးတော့နီလာနှင့်အတူတူထမင်းစားကာပြန်လာသည်။အဆောင်ခန်းထဲမဝင်ချင်၍တစ်ယောက်ထဲလမ်းကျိုလမ်းကြားပတ်လျှောက်နေမိသည်။အခန်းထဲဝင်သည်နှင့်မိမိဝေယျာဝစ္စအပြင်ထိုသုံးယောက်၏ဝေယျာဝိစ္စများလည်းလုပ်ပေးရတော့မည်ဖြစ်သည်။လွယ်သည်ဟုထင်ရသော်လည်းတကယ်ကိုပင်ပန်းလွန်းပါသည်။

စိတ်ပြေလက်ပျောက်ဖြစ်သွားသော်အခန်းထဲစိတ်မပါစွာပြန်ဝင်လာသည်။ထူးထူးဆန်းဆန်းစကားနည်းသောအားမာန်တစ်ယောက်သာရှိနေ၏။မင်းမြတ်လေးမှာအဝတ်များလျှော်ရန်ရေချိုးခန်းတို့ဝင်လာလိုက်သည်။အဝတ်လျှော်နေတုန်းအနောက်မှစိုက်ကြည့်နေသလို့ခံစားရ၍လှည့်ကြည့်လိုက်တော့အားမာန်တစ်ယောက်ဘေ့စ်ဘောတုတ်တစ်ချောင်းကိုကိုင်ထားကာမိမိအားစိုက်ကြည့်နေခြင်းဖြစ်သည်။မင်းမြတ်လေးမှာတံတွေးအားခက်ခက်ခဲခဲမြိုချကာ

"ဘာ..ဘာဖြစ်လို့လဲဗျ"

"မင်း...လူတစ်ယောက်ကိုသေအောင်ဒီတုတ်နဲ့ခေါင်းကိုရိုက်ခွဲရင်ဘယ်နှချက်လောက်ရိုက်ရမယ်ထင်လဲ"

"ဗျာ..ဗျာ..ကျွန်..ကျွန်တော်မသိ...မသိ"

"တစ်ခြားလူတော့မသိပေမယ့်ငါတော့တစ်ချက်ထဲပဲအဲ့တာကိုမင်းယုံလား"

မင်းမြတ်လေးမှာခေါင်းများကျိန်းစပ်လာလိုခံစားလိုက်ရပြီတစ်ကိုယ်လုံးတုန်ယင်နေသည်။

'ငါဘာအမှားများလုပ်မိပါလိမ့်။သူ့အဝတ်တွေကိုစိတ်မပါပဲလျှော်တာသိသွားတာများလားဘုရား..ဘုရား"

"ဟုတ်..ဟုတ်ယုံယုံ"

"မင်းငါ့ကိုကြောက်လား"

"ဟုတ်..ဟုတ်ကြောက်.ကြောက်ပါတယ်ဗျ"

"မင်း...."

အားမာန်ကစကားကိုရပ်ကာမျက်လုံးများမေးကျဉ်းကာမင်းမြတ်လေးအားကြည့်လာသည်။

မင်းမြတ်လေးမှာသေမိန့်ကျခံထားရသောအပြစ်သားများ၏ခံစားချက်ကိုပင်နားလည်လာတော့သည်။

"မင်းငါ့သူငယ်ချင်းတွေကိုသွားရှုပ်ရဲလား"

'ရူးနေလား'

"ကျွန်..ကျွန်တော်..မလုပ်..မလုပ်ရဲပါဘူးဗျ"

'ဒီလူရူးနေတာလားငါကဘာလုပ်ရဲမှာတုန်း'

"ကောင်းတယ်"

"မင်း ဒီတုတ်ကိုသိမ်းထားပြီးအိပ်ယာဘေးမှာထားအိပ်ငါလိုရင်ယူသုံးရအောင်"

"ဗျာ..ဗျာ"

"မင်းငြင်းမလို့လား"

"မ..မငြင်းပါဘူးဗျ"

"ကောင်းတယ်"

အားမာန်အနိုင်ကျင့်ဖူးသောလူများထဲတွင်ဒီကလေးကိုအနိုင်ကျင့်ရသည်မှာပျော်ဖို့အကောင်းဆုံးပင်။ထိန်လန့်နေပုံကအင်မတန်မှချစ်ဖို့ကောင်းလေသည်။စကားတွေများထစ်လို့။မျက်လုံးကျဉ်းကျဉ်းလေးကအသားကုန်ပြူးထားတာတောင်ကျဉ်းနေတုန်း။မျက်နှာသေးသေးလေးမှာကြောက်စိတ်ကြောင့်နီရဲလာသော်လည်းအသားညိုညိုလေးများကြောင့်သိပ်ပင်မပေါ်ချင်။အဓိက,ကနုတ်ခမ်းလေးဖြစ်သည်။နီနီသေးသေးလေး..အိုးအသည်းယားချင်စရာ။စိတ်မထိန်းနိုင်ပဲဒီကလေးခေါင်းကိုဖွဖွလေးဆွဲဖွမိတော့

'အိုး..နူးညံလိုက်တာ creamလေးထဲလက်လေးနှစ်ထည့်လိုက်ရသလို'

အားမာန်မှာလက်ပြန်ဆုပ်ဖို့မေ့သွားသလိုကမ္ဘာကြီးကိုပါမေ့သွားတော့သည်။
မင်းမြတ်လေးမှာတော့မိမိအားစိုက်ကြည့်ကာရွံစရာကောင်းအောင်ပြုံးလျှက်ခေါင်းအားဆုပ်ကိုင်လာသောလူကြောင့်အသက်ပင်အောင့်ထားမိသည်။ဒီလူကသူ့ခေါင်းကိုအစိမ်းလိုက်လက်နှင့်ဆွဲခွာတော့မည်လား။

အားမာန်မှာသူ့အောက်မှကလေးလေး၏ငိုရှိုက်သံကြားမှသတိဝင်လာတော့သည်။ထို့နောက်သူ့လက်ကိုအလန့်တကြားဆွဲထုတ်ကာပြေးထွက်သွားလေတော့သည်။

အားမာန်မတွေးမိသည့်အချက်မှာအတွေ့အကြုံများကာရင့်ကျတ်လှသောသူရလိုအဖြောင့်ကောင်ကိုတောင်မြူဆွယ်နိုင်ပါလျှင်အတွေ့အကြုံလုံးဝမရှိသည့်သူ့လိုgayတစ်ယောက်ကိုဆိုရင်ရောဆိုသည့်အရာပင်ဖြစ်သည်။ဘယ်ယောက်ျားကိုမှရင်မခုန်ဖူးသည့်အတွက်ကြောင့်ကိုယ့်ကိုကိုယ်အယုံကြည်လွန်သွားတာလည်းဖြစ်နိုင်ပါသည်။

______________________________________

614💚

______________________________________

Playing With Fire (Complete)Where stories live. Discover now