ကျိချင်းကျိုးက ပြုံးပြီး မျက်ရည်မကျတော့ပေ။သူသည် ချူချန် မကိုင်ထားသည့် လက်ဖြင့် ချူချန် ကျောအား သိုင်းဖက်လိုက်သည်။သူ့ လှုပ်ရှားမှုလေးကို ခံစားလိုက်ရသည့် ချူချန်က သူ့ကို မသိမသာလေး လွှတ်ပေး၍ ကြည့်လာ၏။ ကျိချင်းကျိုးကလည်း မျက်လုံးလေးပင့်ပြီး ချူချန်ထံပြန်ကြည့်လိုက်တယ်။သူ မငိုနေတော့သော်လည်း မျက်လုံးထဲ မျက်ရည်များ ကိန်းဝပ်နေသဖြင့် ထူထပ်နက်မှောင်လှသည့် မျက်တောင်ဖျားလေးများက စိုစွတ်နေ၏။ထိုမျက်တောင်ဖျားများက ချိတ်ကောက်လေးများလို့ ကော့ညွှတ်ကျနေပြီး မျက်တောင်တစ်ချက်ခတ်လိုက်သည်နှင့် ချူချန်ရဲ့ နှလုံးသားကို တွဲငြိစေပါသည်။

ချူချန်လည်း မချုပ်တည်နိုင်တော့စွာ ထပ်နမ်းရှိုက်မိပြန်တယ်။နောက်ဆုံးတော့ ကျိချင်းကျိုးက သူ့ကိုပြန်နမ်းလာ၏။ချူချန်က သူ့ကို ဖက်ထားသည်အား ပိုမိုတင်းကြပ်လာပြီး ခါးတစ်ဝိုက်မှ လက်တွေကိုလည်း တင်းတင်းလေး ရစ်သိုင်းလာ၏။သူသည် အငမ်းမရစွာ နမ်းရှိုက်နေပြီး သူ့ကိုယ်ပိုင်အတွေးတွေနှင့် ချစ်ခြင်းတရားတွေရောယှက်ကာ ဆူနာမီ မုန်တိုင်းတစ်ခုလိုမျိုး ကျိချင်းကျိုးထံ ရိုက်ခတ်နေသည်။

ချူချန်တစ်ယောက် ရှေ့တူရူမှ လူ၏ နဖူးကနေ ခြေဖျားတိုင်အောင် နေရာလက်မကျန် သူပဲ ပိုင်ဆိုင်ချင်သည့် လိုအင်ဆန္ဒတို့ ဖြစ်ပေါ်လာသည်။ကျိချင်းကျိုးလည်း သူ့ဖြစ်အင်ကို ခံစားမိကာ နည်းနည်းလေးရှက်သွားရ၏။နမ်းခြင်းအမှု ပြီးဆုံးသွားပြီးနောက် နီရဲနေသောနားရွက်များဖြင့် ချူချန်ကိုကြည့်၍ လိုချင်လားဟု မေးချင်သော်လည်း သူတို့ကအခုမှ ပြန်အဆင်ပြေထားခြင်းဖြစ်သဖြင့် နည်းနည်းလောက်တော့ ရှက်ရွံ့နေဆဲပင်။

သူ့မျက်လုံးထဲမှ ဝေခွဲရခက်နေမှုလေးကို ကြည့်ပြီး ချူချန်က ပေါ့ပေါ့ပါးပါးလေးရယ်ရင်း ခေါင်းယမ်းပြသည်။သူအမြဲပင် သူ့ဆန္ဒသူ ထိန်းချုပ်နိုင်ခဲ့တယ်။အရင် ကျိချင်းကျိုးနဲ့ အတူနေခဲ့စဉ် အချိန်ကလည်း သူ့တစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်နေရင်တောင်မှ ဖိနှိပ်နိုင်လေ၏။

သူ ခေါင်းယမ်းရင်း ညင်သာနူးညံ့စွာ စကားဆိုလိုက်တယ် ။

“ကိုယ်အဆင်ပြေပါတယ်”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now