ချူချန်သည် ယွီအန်းမင် ပြောပြသည့် ကျိချင်းကျိုး ဖန်ယောင်ရွှမ်းကို ဓားနဲ့ထိုးလိုက်တယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း အေးခဲသွား၏။

“သူကလူတစ်ယောက်ကို ဓားနဲ့ ထိုးလိုက်တယ်ဟုတ်လား။ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့လောက်သတ္တိတွေ သူဘယ်နေရာက ရလာခဲ့တာလဲ”

“အန်းယီပြောတာတော့ ဒဏ်ရာသိပ်မနက်ဘူးတဲ့”

“မဟုတ်တာတွေ။သူက ရန်တောင် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့သူမဟုတ်ဘူး။တစ်ပါးသူကို ဘယ်လိုလုပ် ပြင်းပြင်းထန်ထန် ထိခိုက်စေပါ့မလဲ။ဖြစ်နိုင်ပါ့မလား”

ချူချန်သည် ခေါင်းထိုးကိုက်လာသည့်အတွက်  နဖူးပေါ် ဖိနှိပ်နေရလေသည်။ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကျိချင်းကျိုး ပထမဆုံးလုပ်တဲ့အရာက သူ့ကို ပြောပြဖို့ စိတ်မကူးဘဲ ယွီအန်းယီကို ရှာတာတဲ့လား!  တကယ် သိပ်တော်လွန်းပါတယ်!

ချူချန်သည် ယွီအန်းယီရဲ့ ဖုန်းကို ချလိုက်ပြီး ကျိချင်းကျိုးဆီဆက်လိုက်သည်။

ကျိချင်းကျိုးတစ်ယောက် ဖုန်းပေါ်က ခေါ်ဆိုသူနာမည်ကို တွေ့တဲ့အချိန်က ကိုယ်လက်သန့်စင်ပြီး အိပ်ဖို့ ပြင်နေတဲ့ အချိန်ဖြစ်သည်။သူ့ပါးတွေက ပွတ်တိုက်ထားသည့်အတွက် အလွန်နီရဲနေပြီး နည်းနည်းပူနေသည်။အခု စခရင်ပေါ်မှာပြနေသည့် ချူချန်ဆိုတဲ့ စကားလုံးနှစ်လုံးအား မြင်ချိန်မှာတော့ မူလရှိနေတဲ့အပူထက် ပိုပြီးတောင် ပူလောင်လာချေတော့သည်။

သူကိုင်လိုက်သည်ဆိုရင်ပဲ ချူချန်ရဲ့ ကူကယ်ရာမဲ့စွာ ဒေါသတရားတွေကို ဖိနှိပ်ထားသည့် အသံက ထွက်ပေါ်လာသည်။

“အခုဘာတွေဖြစ်နေလဲ မင်း ကိုယ့်ကို မပြောပြတော့ဘူးလား? ကိုယ့်ကိုကျ မပြောဘဲ အန်းယီဆီ သွားပြောလိုက်တာလားကွာ။ ဟင်”

“အန်းယီပြောတာလား”

“အန်းယီက မင်းကို ကတိပေးထားလို့ ကိုယ့်ကို မပြောပြဘူး။ဒါပေမယ့် သူ့အစ်ကိုကိုတော့ မပြောပြဘဲနေပါ့မလား။ယွီအန်းမင်မှ မင်းကို ကတိမပေးခဲ့ပဲကို”

ကျိချင်းကျိုးဖြင့် အခုမှ နားလည်သွားပြီးရယ်လိုက်မိသည်။ ယွီအန်းယီက အမှန်တကယ်ကို ချူချန်ဆီမပြောပြခဲ့ပါဘူး။စကားကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး ကောင်းကောင်းအသုံးချသွားရုံလေးပဲ။အဲ့တာကြောင့် အလွယ်တကူ သဘောတူလိုက်တာကို ။ တော်လိုက်တာ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now