“ပြဿနာတော့ တက်ပြီကောရေ။ကျိချင်းကျိုးက ဖန်ယောင်ရွှမ်းကို ဓားနဲ့ ထိုးလိုက်မိလို့တဲ့။ဒဏ်ရာက သိပ်မနက်ပေမယ့် အဲ့ဖန်ယောင်ရွှမ်းခွေးကောင်က တရားစွဲဖို့ လုပ်နေလို့”

“ဘာပြောတယ်” ယွီအန်းမင်တစ်ယောက် အံ့ဩရလျက်။

“အခုပဲ ကျိချင်းကျိုး ဖုန်းဆက်တာ။ဖန်ယောင်ရွှမ်း ယုတ်မာတဲ့ နည်းလမ်းတွေ ထုတ်သုံးလာမှာ သူကြောက်လို့ ငါ သူ့ကို ကူညီပေးနိုင်မယ်ထင်နေတာ။ပြီးတော့ အားချန်ကို မပြောပါနဲ့တဲ့”

“မဟုတ်တာတွေ”

“ဟုတ်တယ် ငါလည်း အဲ့လိုထင်တယ်။ အားချန်ကို မပြောလို့ ဘယ်ဖြစ်မလဲ။ဟုတ်တယ်မလား။ ဒါပေမယ့် အားချန်ကို ပြန်မပြောဘူးလို့ ငါသူ့ကို ကတိပေးတာတယ်ရော ”

“မင်းအကုန်သိ...”

“လုပ်ပါလို့....”

ယွီအန်းယီက ကြားဖြတ်ပြောလာသည်။

“အားချန်ကို မပြောဘူးလို့ ကတိပေးထားတာ ငါလေ။ကောမဟုတ်ဘူး!”

ယွီအန်းယီက သူမကိုယ်သူမ လက်ညှိုးညွှန်ရင်း

“သဘောပေါက်ပြီလား”

ယွီအန်းမင်တစ်ယောက် နားလည်သွားပြီး မရယ်ပဲ မနေနိုင်ဖြစ်သွား၏။

“အဲ့တာကြောင့် ကောဆီရောက်လာတာပေါ့”

“မဟုတ်ရင် ဘာဖြစ်ရမလဲ”

ယွီအန်းယီပြုံးလိုက်သည်။

“ဟုတ်ပြီ။ ငါအခု ဆိုက်ကိုကောင် ဖန်ယောင်ရွှမ်းဆီ ဖုန်းဆက်လိုက်တော့မယ်။ကောဘာလုပ်သင့်လဲ သိတယ်မလား”

“သိပါပြီ သခင်မလေး”

ယွီအန်းမင်က သူမဆံနွယ်လေးများအား ခပ်ဖွဖွပွတ်သပ်ပေးလိုက်၏။

“ဘာလို့ အရမ်းချစ်ဖို့ ကောင်းနေရတာလဲ”

“မွေးရာပါလေ”

ယွီအန်းယီက စကားဆုံးတာနဲ့ မတ်တပ်ထရပ်ပြီး သူမဖုန်းကိုယူ၍ ထွက်သွားလေသည်။ ထို့နောက် တံခါးနားရောက်သည်နှင့် ပြန်လှည့်ပြီး သတိပေးလာသေးသည်။

“မြန်မြန်”

ယွီအန်းမင်မှာ ချီတုံချတုံဖြင့် ဖုန်းလေး ယမ်းပြလိုက်တော့မှ သူမကစိတ်အေးလက်အေးဖြင့် ထွက်သွားတော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now