{111}

5.4K 971 117
                                    

Unicode

“ပြောစရာမလိုပါဘူး”

“အရင်က ကောင်းဟန်မူးရူးပြီး ငါ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ချင်တုန်းကလည်း နင်ကူညီပေးခဲ့တာပဲလေ။အခုက နင့်ရဲ့ သတ္တိရှိမှုကြီးအတွက် ပြန်ပြီးကျေးဇူးဆပ်တာ”

“အရင်တစ်ခေါက်က မင်း ငါနဲ့ ရသစုံရှိုးရိုက်ကူးရေးကို လိုက်ပေးတည်းက ကျေသွားပြီမလား”

“အဲ့တစ်ခေါက် အားချန်တောင်းဆို‌လို့လေ။ပြီးတော့ ငါက ပြောပြရုံပါပဲ။အဲ့ကိစ္စထည့်မတွက်ဘူး။အခုတော့ မစိုးရိမ်‌နဲ့တော့ ကောင်းကောင်းအနားယူချေ။ဖန်ယောင်ရွှမ်းကို ငါ့ကိစ္စသာထားလိုက်ဟုတ်ပြီလား”

“ကျေးဇူးပါ”

ယွီအန်းယီ ဖုန်းချလိုက်ပြီး ဖန်ယောင်ရွှမ်းဆီ ဆက်မို့ လုပ်ပေမယ့် ကိစ္စတစ်ခုကို တွေးမိသွားပြီး အေးဂျင့်ဆီသာ အရင်ဆက်သွယ်လိုက်တော့သည်။

“လင်းကျဲရေ အခုချက်ချင်းသတင်းဌာ‌နတွေကို ဆက်သွယ်ပေးပါဦးနော်။နောက်ရက်အနည်းငယ်အတွင်း ကျိချင်းကျိုးနဲ့ ပတ်သက်တဲ့ ဘယ်သတင်းမဆို တစ်ခုမှ အပြင်မရောက်အောင် ပိတ်ပေးထားပါ။သူ လူယုတ်မာတစ်ကောင်ကို ရန်စမိလိုက်လို့လေ။ကျိုးချန်ဖုန်းဘက်က လုပ်ပြီးသွားပြီဆိုပေမယ့် သိပ်မကျယ်ပြန့်မှာ စိုးရိမ်လို့ ကျဲပိုပြီး အလုပ်ကြိုးစားပေးပါဦးနော်”

ချိန်လင်းက ဘာတွေဖြစ်နေမှန်းမသိပေမယ့် ယွီအန်းယီရဲ့ တောင်းဆိုချက်ဖြစ်၍ ချက်ချင်းသဘောတူလိုက်သည်။

“အိုကေ”

“အင်း။ကျဲကို အလုပ်ပိုစေမိပြီ”

ယွီအန်းယီလည်း ဖုန်းချပြီး အခန်းထဲမှ ပြေးထွက်လိုက်သည်။

ယွီအန်းမင်တစ်ယောက် အိပ်ရာဝင်မို့ လုပ်နေတုန်း ရုတ်တရက်ဆိုသလို တံခါးတွန်းဖွင့်ပြီး “ကော” ဟုအော်ခေါ်ရင်း ပြေးလာသည့် ယွီအန်းယီကို မြင်လိုက်ရသည် ။

“ဘာဖြစ်လို့လဲ” သူ မေးကြည့်လိုက်သည်။

ယွီအန်းယီက အိပ်ရာပေါ် ထိုင်ချပြီး သူ့ကို ဆွဲထူကာ-

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now