ထိုမှသာ ကျိချင်းကျိုး စိတ်အေးသွားပြီး တံခါးဆီလျှောက်သွား၍ တံခါးသွားဖွင့်လိုက်သည်။

ရှောင်ချန်းသည် ကျိုးချန်ဖုန်းရဲ့ ဘာဖြစ်သွားတယ်ဆိုတဲ့ အကြမ်းဖျင်းရှင်းပြချက်တွေပဲ နားထောင်ခဲ့ရတာဖြစ်ပြီး ဒီကိုမလာခင်တည်းက စိတ်ပူနေခဲ့မိသည်။အခုတွေ့လိုက်ရမှပဲ ကောရဲ့ အခြေအနေက နည်းနည်းတည်ငြိမ်နေပြီဖြစ်၍ စိတ်သက်သာရာရသွားရ၏။သူသည် အခန်းထဲလိုက်ဝင်ရင်း ကျိချင်းကျိုးရဲ့ ဖုန်းအား လက်ထဲထည့်ပေးလိုက်ကာ-

“ဒီမှာကောရဲ့ဖုန်း...ကျိုးကောက ကောဆီယူသွားပေးပါဆိုလို့။ပြီးတော့ စိတ်မပူပါနဲ့တဲ့။ကိစ္စတွေအားလုံးသူကိုင်တွယ်လိုက်မှာမို့ ကောဘာမှ လုပ်စရာမလိုဘူးတဲ့”

ကျိချင်းကျိုးက ခေါင်းတစ်ချက်ညိမ့်၍ ဖုန်းယူလိုက်သည်။

သူ့ပါးတွေနီရဲနေကြောင်းရှောင်ချန်းသတိပြုမိသွား၏။

“ကော ဖန်ယောင်ရွှမ်းနဲ့ ရန်ဖြစ်ခဲ့တာလား”

“ငါတို့ ရန်ဖြစ်ခဲ့ကြတာ”

ကျိချင်းကျိုးက အသံအတက်အကျမရှိဘဲ တည်ငြိမ်စွာ ပြောလာခဲ့ပြီး သူ့ကို ပြုံးပြလာသည်။

“ငါနိုင်ခဲ့တယ်”

ရှောင်းချန်းတစ်ယောက် ခေါင်းညိမ့်ပြလိုက်ပြီး ဘာမှထပ်မပြောဖြစ်တော့။

ကျိချင်းကျိုးနဲ့အတူ ဆိုဖာပေါ်မှာ ထိုင်ရင်း နှစ်သိမ့်ပေးနေမိတယ်။

“ကျိုးကောက အဆက်အသွယ်တွေနဲ့ ချိန်ဆက်ပြီပြီးဆိုတော့ ဒီကိစ္စပြန့်မှာ မဟုတ်တော့ဘူး။စိတ်မပူပါနဲ့”

ကျိချင်းကျိုး ကအသံလေးတစ်ချက်ပြုပြီး ဘာဖုန်းမှ ထပ်မခေါ်နေတော့ဘဲ ရှေ့က ကော်ဖီစားပွဲပေါ်ချထားလိုက်တော့သည်။သူစိတ်လည်း တဖြည်းဖြည်းတည်ငြိမ်စပြုလာပြီဖြစ်၏။မသိစိတ်ကတော့ အိတ်ကပ်ထဲမှ ဆွဲကြိုးလေးအား လက်နဲ့ ပွတ်သပ်နေမိတော့သည်။

လွန်ခဲ့သောနှစ်ရက် ရိုက်ကူးရေးလုပ်နေစဉ်အတွင်း ဆွဲကြိုးကို ချွတ်ထားခဲ့ရပေမယ့် ဘူးထဲထည့်မသိမ်းထားခဲ့ဘဲ သူ့အိတ်ကပ်ထဲမှာပဲ တစ်ချိန်လုံးထည့်ထားခဲ့တာဖြစ်သည်။ဆွဲကြိုးလေးအား ငြိမ်သက်စွာ ထိတွေ့ရင်း ဘာမှမလုပ်တော့ဘဲ ငြိမ်နေခဲ့၏ ။ တိတ်လွန်းလို့ ရှောင်ချန်းတောင် ကြောက်လာသည်အထိပင်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now