ကျိချင်းကျိုးသည် ဖြည်းညှင်းစွာ အခန်းထဲဝင်လိုက်ပြီး ဆိုဖာပေါ်ထိုင်ချ၍  အသက်ပြင်းပြင်းနှစ်ခါရှူလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး လက်ရှိအခြေအနေကို စီစစ်နိုင်ဖို့ ကြိုးစားလိုက်သည်။

ဖန်ယောင်ရွှမ်းမသေလောက်ပါဘူးနော်။ဓားနဲ့ထိုးခဲ့တယ်ဆိုပေမယ့် ဓားသေးသေးလေးတစ်ချောင်းပဲလေ။ပထမဆုံးအကြိမ် လူတစ်ယောက်ကို ဓားနဲ့ ထိုးဖူးခြင်းဖြစ်၍ သူ့လက်တွေ တုန်ရီနေခဲ့ပြီး အနက်ကြီး ထိုးသွင်းခဲ့တာမဟုတ်။ဒါ့ပြင် အရေးကြီးတဲ့ နေရာတွေကို အထူးရှောင်ပြီး ထိုးခဲ့ခြင်းဖြစ်၍ သူ့ကို ဒဏ်ရာရစေရုံသာဖြစ်ပြီး သေစေချင်ခဲ့တာမဟုတ် ပေ။ ဖန်ယောင်ရွှမ်း ကြီးကြီးမားမားဖြစ်မှာ မဟုတ်လောက်ပါဘူး။

ဒါပေမယ့် ဖန်ယောင်ရွှမ်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ကတ်သီးကတ်ဖဲ့လုပ်လာနိုင်သည်။သူ့ကို လွှတ်ပေးချင်မှာ မဟုတ်ပေ။ဒါပေမယ့် သူ့မှာ အကြောင်းရင်း ရှိတာပဲ။ဥပဒေမှာ ကိုယ့်ကိုကိုယ် ကာကွယ်ခွင့်၊ခုခံခွင့်ရှိကြောင်း အလွန်ခွဲခြားပြီးကို တရားဝင်သတ်မှတ်ထားသည်လေ။သူညစ်ပတ်နေသမျှကာလပတ်လုံး သူကလည်း ကိုယ့်ကိုကိုယ် ကာကွယ်တာဆိုပြီး ပြန်ချေပလို့ရတာပဲ။

အခုချိန်မှာ အရေးကြီးဆုံးအရာက ဒီကိစ္စကို မဖော်ပြနိုင်ဖို့ပင်။ အကြောင်းပြချက်က ဘယ်လိုဆိုတာ အရေးမကြီးဘူး ဒီကိစ္စကြောင့် သူအသေရေဖျက်ခံရမှာ။အဲ့တာကြောင့် ဒီအဖြစ်အပျက်ကို သတင်းမီဒီယာတွေမှာမဖော်ထုတ်လာဖို့အတွက် သေချာအောင်လို့ အဆက်အသွယ်ရှာဖို့လိုနေတာဖြစ်သည်။

ကျိချင်းကျိုး ဖုန်းကို အမြန်ရှာလိုက်ပေမယ့် တစ်ကိုယ်လုံးနှံ့နေသော်လည်း ရှာမတွေ့ခဲ့ပေ။ ပြီးမှ ခုနရန်ဖြစ်တုန်း ဖုန်းကျကျန်နေခဲ့ကြောင်း သတိရသွား၏။

ကျိချင်းကျိုး မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲမှ ကြိုးဖုန်းရှိရာဆီသွားချိန် တံခါးခေါက်သံကြားလိုက်ရသဖြင့် နှလုံးခုန်သံများ မြန်လာခဲ့သည်။ ထိုအချိန် အပြင်မှ ရှောင်ချန်း အသံထွက်ပေါ်လာ၏။

“ကျိကော ကျွန်တော်ပါ။ ကောနဲ့ နေပေးဖို့ ကျိုးကောလွှတ်ပေးလိုက်လို့ပါ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now